Responsive Ads Here

Thursday, 6 September 2018

ဘာစီလိုနာတွင် လာကစားရန် ပေါ့ဂ်ဘာကို ဆွာရက်ဇ် တိုက်တွန်း


ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ပေါ့ဂ်ဘာအနေနဲ့ အခုအချိန်ဟာ ပိုပြီးတော့ တိုက်ပွဲဝင်ရမယ့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသင်းမှာ လာရောက်ကစားဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် နောက်ခံလူ ဂျရတ်ပီကေးကလည်း အသင်းကနေ ကြိုဆိုကြောင်း အဓိပ္ပာယ်ရတဲ့ စကားကို ပြောကြားထားပါတယ်။
ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာအသင်းကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ရောင်းချဖို့မရှိဘူးလို့ ငြင်းဆန်ခဲ့တဲ့အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ လက်ရှိ ဘာစီလိုနာအသင်းမှာ ကစားဖို့ အကောင်းဆုံးအခြေအနေ ဖြစ်တယ်၊ ပြီးတော့ မြင့်မားတဲ့ ဆုတံဆိပ်တွေ ရရှိဖို့ အခြေအနေကောင်းမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
မော်ရင်ဟိုနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်နေတဲ့ နောက်ထပ်ကစားသမားကတော့ မာရှယ်ဖြစ်ပြီး အသင်းပြောင်းရွှေ့ခြင်းမရှိဘဲ ၅ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။



No comments:

Post a Comment