စပါးအသင်းဟာ ဝှိုက်ဟတ်လိတ်ကွင်းသစ်မှာ ကစားဖို့ အဆင်မပြေသေးတဲ့အတွက် အခုနှစ်ကုန်အထိ ဝင်ဘလေကွင်းမှာပဲ ဆက်ပြီး ကစားရမယ်လို့ သိရပါတယ်။
စပါးအသင်းဟာ ဝှိုက်ဟတ်လိန်းကွင်းကို ၆ သောင်း ၂ ထောင်ဆန့်ကွင်းအဖြစ် ပြီးခဲ့တဲ့နှစ်ကတည်းက ပြုပြင်တည်ဆောက်ခဲ့တာပါ။
မန်စီးတီးနဲ့ ကစားမယ့်ပွဲစဉ်ကို ကွင်းသစ်မှာ ပထမဆုံး စတင်ကျင်းပဖို့ မျှော်လင့်ခဲ့ပေမယ့် လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ကစားခွင့်မရခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ ဒီဇင်ဘာ ၁၅ ရက်အထိ အက်ဖ်အေဆီ ကွင်းဆက်ငှားရမ်းထားပြီး ခရစ္စမတ်ကာလ ကျော်လွန်တဲ့အချိန်အထိ ကစားနိုင်မှာ မဟုတ်သေးဘူးလို့ သိရပါတယ်။
စပါးအသင်းဟာ ဥရောပချန်ပီယံလိဂ် ပွဲစဉ်တွေကိုလည်း အင်္ဂလန်အသင်းပိုင် ဝင်ဘလေကွင်းမှာပဲ ဆက်ကစားဖို့ သတ်မှတ်ထားပါတယ်။
No comments:
Post a Comment