ကွင်းလယ်ကစားသမား လူကာမိုဒရစ် အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနဲ့ ထိုက်တန်တယ်လို့ ခရိုအေးရှားအသင်း နည်းပြ ဇလပ်ကို ဒါလစ်က ပြောဆိုလိုက်ပါတယ်။
ခရိုအေးရှား ကွင်းလယ်ကစားသမား မိုဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံးဆုအတွက် ဆန်ကာတင် ၃ ယောက်စာရင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို၊ လီဗာပူးတိုက်စစ်မှူး ဆာလက်တို့နဲ့အတူ ပါဝင်နေပါတယ်။
ခရိုအေးရှားနည်းပြ ဒါလစ်ကတော့ အကောင်းဆုံးဆုအတွက် သူ့တပည့် မိုဒရစ်ကို မဲပေးရွေးချယ်ထားတယ်လို့ ဆိုပါတယ်။
ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်ဟာ ဥရာပအကောင်းဆုံး ကစားသမားဆုကိုလည်း မကြာသေးခင်ကပဲ ရရှိထားပါတယ်။
မိုဒရစ်ဟာ ခရိုအေးရှားအသင်းကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိရောက်အောင် ပို့ဆောင်ပေးနိုင်သလို ရီးရဲလ်ကိုလည်း ချန်ပီယံလိဂ်မှာ ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
No comments:
Post a Comment