Responsive Ads Here

Monday, 3 September 2018

ဂိုးပေါက်ပျောက်နေသည့် ရော်နယ်ဒိုအတွက် နည်းပြ အယ်လီဂရီ ကာကွယ်ပြောဆို


အခုတပတ် စီးရီးအေပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးတဲ့ အချိန်မှာတော့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ် ရှိခဲ့ပေမယ့် သွင်းဂိုးတဂိုးမှ မရသေးပါဘူး။
ဂျူဗင်တပ်အသင်းဟာ ၃ ပွဲကစားပြီး ၉ မှတ်ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။
ရော်နယ်ဒို ဂိုးပေါက်ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ နည်းပြ အယ်လီဂရီကတော့ ရော်နယ်ဒိုဘက်က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်ပြီး ဂိုးအရမ်းသွင်းယူချင်နေပါတယ်၊ ဒါပေမယ့် စိတ်အေးအေးထားဖို့ လိုအပ်နေပြီး မကြာခင်မှာ သူ့ရဲ့သွင်းဂိုးတွေ မြင်ရတော့မှာပါလို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာ ခြေစမ်းပွဲတွေကလည်း သူ့ကို ပြန်ပြီး ခြေစွမ်းတွေ ထက်မြက်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပါးမားအသင်းနဲ့ ပွဲစဉ်မှာလည်း ရော်နယ်ဒိုရဲ့ ဘောလုံးလမ်းကြောင်းကို အသေအချာ ဖြတ်တောက်ခဲ့တာကြောင့် ပေါင်သန်း ၁၀၀ တန် ကစားသမားရဲ့ သွင်းဂိုးတွေကို မမြင်ရသေးတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အသင်းဖော် မန်ဇူကစ်၊ ဒိုင်ဘားလား၊ မာတွီဒီတို့ ခြေစွမ်းပြနေခဲ့လို့ ဂျူဗင်တပ်အသင်းဟာ ရာသီအစမှာကတည်းက ပွဲထွက်လှနေခဲ့ပါတယ်။


No comments:

Post a Comment