Responsive Ads Here

Tuesday, 11 September 2018

ဘာရိန်းတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်ခန်းတွင် အမေရိကန်နှင့် ဗြိတိန် ရေတပ်သင်္ဘောများ ပါဝင်


ဘာရိန်းနိုင်ငံကမ်းလွန် ပင်လယ်ကွေ့မှာ စက်တင်ဘာ ၁၀ ရက်နေ့က ပြုလုပ်တဲ့ စစ်ရေး လေ့ကျင့်ခန်းအတွင်း အမေရိကန်နဲ့ ဗြိတိန် ရေတပ်သဘောင်္တွေ ပါဝင်ခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်ခန်းအတွင်း ရေအောက် ပုံမှန်မဟုတ်တဲ့ အရာတွေကို ထောက်လှမ်းတဲ့ ဆိုနာကိရိယာတွေကို အသုံးပြုခဲ့ပါတယ်။
ပင်လယ်ရေအောက်အတွင်း မိုင်းတွေကို ချပြီးနောက် အဲဒီ ဆိုနာကိရိယာကို ရေအောက်မှာထားရှိ ထောက်လှမ်းတာပါ။
အဲဒီနောက်မှာ  ဆိုနာနောက်ကနေ လိုက်ပြီး  ရေအောက်မှာ စိတ်ဝင်စားဖွယ်အရာ ရှိမရှိ၊ စုံစမ်းဖော်ထုတ်ဖို့ လိုမလို ထောက်လှမ်းတာပဲ ဖြစ်ပါတယ်။
အဲဒီလို စစ်ရေးလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်တယ်လို့လည်း အမေရိကန်ရေတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment