Responsive Ads Here

Tuesday, 11 September 2018

ပီရူးတွင် ဘောလုံးဝါသနာအိုးများနှင့် ဧဝံဂေလိ ခရစ်ယာန်အသင်းဝင်များ ရိုက်ပွဲဖြစ်


ပီရူးနိုင်ငံ မြို့တော် လီမာက ဘောလုံးကွင်းမှာ ဘောလုံးဝါသနာအိုးတွေနဲ့ ဧဝံဂေလိ ခရစ်ယာန် အသင်းဝင်တွေ စက်တင်ဘာ ၁၀ ရက်နေ့က ရိုက်ပွဲဖြစ်ခဲ့ပါတယ်။
အလီဂျန်ဒရို ဗီလန်နူဗာ အားကစားကွင်းဘေးက မြေကို နှစ်ဖက်လုံးက ပိုင်တယ်လို့ အခိုင်အမာ ငြင်းရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။
ဘောလုံးကလပ်အသင်းက အဲဒီမြေပေါ်မှာ ယာဉ်ရပ်နားစခန်းနဲ့ သိုလှောင်ရုံအတွက် ပစ္စည်းတွေ တပ်ဆင်ခဲ့အပြီး ခုလိုဖြစ်ခဲ့တာပါ။
ဘာသာရေးအုပ်စု အယ်လ် အပိုစန်တို အော်တိုက ရာနဲ့ချီတဲ့ အဖွဲ့ဝင်တွေ စက်တင်ဘာ ၁၀ ရက်နေ့က အဆောက်အဦတွေထဲ ဝင်လာခဲ့ပြီး ကလပ်အသင်းရဲ့ အမှတ်တံဆိပ်တွေပေါ် ဆေးထပ်သုတ်ခဲ့တာကို ရုပ်သံမှာ ပြသပါတယ်။
ဘောလုံးဝါသနာအိုးတွေက ပြိုင်ပွဲဝင် ရှပ်အင်္ကျီတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်တွေကို ဝတ်ထားပြီး ဘာသာရေး အုပ်စုဝင်တွေကို တုတ်တွေနဲ့ လိုက်ရိုက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူတဦး ဒဏ်ရာရပြီး လူအတော်များများ အဖမ်းခံရတယ်လို့ အားကစားရုံအပြင်မှာ လီမာရဲချုပ်က မီဒီယာကို ပြောပါတယ်။
ဒီမြေကို ဘာသာရေးအုပ်စုက တရားဝင် ဝယ်ခဲ့တာလို့ ပြသထားတဲ့ စာရွက်စာတမ်းတွေ ရှိတယ်လို့ ဘာသာရေးအုပ်စုရဲ့ ရှေ့နေက ဒေသခံရုပ်သံ RPP ကို ပြောပါတယ်။
အလီယန်ဇာ လီမာ ဘောလုံးကလပ်အသင်းကလည်း တရားမဝင် ကျူးကျော်မှုလို့ ကြေညာချက်ထဲမှာ ပြောဆိုငြင်းခုန်ရင်း ဘောလုံးဝါသနာအိုးတွေ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ သတိပေးခဲ့ပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment