Responsive Ads Here

Wednesday, 5 September 2018

ဘော့ဆွာနာတွင် ဆင်ကောင်ရေ ၉၀ နီးပါး အစုအပြုံလိုက် သတ်ဖြတ်ခံရ


ဘော့ဆွာနာ နိုင်ငံရှိ ဘေးမဲ့သစ်တော ဧရိယာ တစ်ခုတွင် ဆင်ကောင်ရေ ၉၀ နီးပါး အစုအပြုံလိုက် သတ်ဖြတ် ခံခဲ့ရကြောင်း သိရသည်။
သစ်တော ထိန်းသိမ်းရေး တာဝန်ရှိသူများက လေကြောင်းမှ စုံစမ်းမှုများ ပြုလုပ်စဉ် အာဖရိကဆင်ကြီး ၈၇ ကောင်၏ ရုပ်ကြွင်းများကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သေဆုံးနေသည့် ဆင်အများစုမှာ အစွယ်များ ဖြတ်တောက်ယူခြင်း ခံထားရသောကြောင့် ဆင်စွယ်မှောင်ခို မုဆိုးများ၏ လက်ချက်ဟု အာဏာပိုင်များက စွပ်စွဲခဲ့သည်။
ဆင်အချို့၏ ဦးခေါင်းများမှာလည်း ဖြတ်တောက် ခံထားရသည်။ ဆင်များကို ကူညီ စောင့်ရှောက်ပေးနေသည့် Elephants Without Borders အဖွဲ့က ဘော့ဆွာနာတွင် တရားမဝင် သတ်ဖြတ်ခံနေရသည့် ဆင်ကောင်ရေမှာ တရိပ်ရိပ် မြင့်တက်လာနေကြောင်း သတိပေးထားသည်။
“ဒေသခံတွေဆီက ဆက်သွယ် အကြောင်းကြားလာတဲ့ ဆင်စွယ်မှောင်ခို ကိစ္စတွေ အတော်လေး များနေပါတယ်။ ဒါကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ လိုနေပါတယ်”ဟု အဆိုပါ အဖွဲ့၏ ဒါရိုက်တာ မိုက်ခ်ချေ့စ်က ပြောကြားခဲ့သည်။
ဘော့ဆွာနာတွင် သမ္မတ မော့ခ်ဝီဆီ မာစီစီ အာဏာရလာသည့်နောက် ဆင်စွယ်မှောင်ခို ရောင်းချမှုများကို တိုက်ဖျက်သည့် အထူးသီးသန့် ယူနစ်ကို ဖယ်ရှားခဲ့သည်။ ထိုအခြေအနေက ဆင်စွယ်မုဆိုးများ ပိုမို အတင့်ရဲစွာ သောင်းကျန်းလာရန် တွန်းအားသဖွယ် ဖြစ်ခဲ့သည်။
ဘော့ဆွာနာသည် ကမ္ဘာပေါ်တွင် ဆင်ကောင်ရေ အများဆုံး မှီတင်းနေထိုင်ရာ နိုင်ငံတစ်ခု ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆင်ကောင်ရေ မြန်ဆန်စွာ ယုတ်လျော့ ကျဆင်းလာသည်။ ဘော့ဆွာနာတွင် ရှားပါး ကြံ့ဖြူ အမျိုးအစား သုံးကောင်လည်း အသတ်ခံခဲ့ရကြောင်း သိရသည်။



No comments:

Post a Comment