မက်ဒရစ်- ဂျူဗင်တပ်သို့ ရော် နယ်ဒိုထွက်ခွာပြီးနောက် ရီးရဲလ် မက်ဒရစ်သည် အင်အားလျော့ နည်းလာသည်ဟု ဘာစီလိုနာအ သင်းခေါင်းဆောင် မက်ဆီက ပြောသည်။
မက်ဆီနှင့် ရော်နယ်ဒိုသည် လာလီဂါခါးသီးပြိုင်ဘက်နှစ်သင်း ကို ကိုယ်စားပြုကာ ကိုးနှစ်ကြာ ယှဉ်ပြိုင်ခဲ့သော်လည်း ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုသည် ပြီးခဲ့ သည့် ဇူလိုင်က ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့သည်။
လက်ရှိတွင် လာလီဂါသုံးပွဲ ကစားပြီးချိန်၌ ယင်းနှစ်သင်းစလုံး ရာနှုန်းပြည့်နိုင်ပွဲဆက်ကာ ကိုး မှတ်ချင်းတူနေသော်လည်း ဂိုး ကွာခြားချက် နှစ်ဂိုးအသာဖြင့် ဘာ စီလိုနာက အမှတ်ပေးဇယားထိပ် ဆုံးနေရာကို သိမ်းပိုက်ထားသည်။
‘‘ရီးရဲလ်မက်ဒရစ်ဟာ ကောင်းမွန်တဲ့ ကစားသမားအစု အဖွဲ့နဲ့အတူ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ ဒါပေမဲ့ ရော်နယ်ဒိုမရှိတော့တာက သူတို့အတွက် အင်အားလျော့စေ ပြီး ဂျူဗင်တပ်ကို ချန်ပီယံလိဂ် ဖလားရနိုင်တဲ့ အသင်းတွေထဲ ပါဝင်လာစေတယ်ဆိုတာ ထင် ရှားပါတယ်’’ဟု မက်ဆီက ပြော သည်။
‘‘သူ့ရဲ့ အပြောင်းအရွှေ့ကို အံ့အားသင့်မိပါတယ်။ သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာ တာ (ဒါမှမဟုတ်) ဂျူဗင်တပ်ကို ပြောင်းမယ်လို့ ကျွန်တော်မတွေး မိခဲ့ဘူး။ သူ့ကို လိုချင်တဲ့အသင်း တွေ အများကြီးပါ။ ဒါက ကျွန် တော့်ကို အံ့အားသင့်စေပါတယ်။ ဒါပေမဲ့ သူဟာ အသင်းကောင်း တစ်သင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်’’ဟု မက်ဆီက ပြော ကြားသည်။
ပြီးခဲ့သည့်နှစ်က ချန်ပီယံ လိဂ်ဖလား ကွာတားဖိုင်နယ်မှ ထွက်ခဲ့ပြီး ယခုနှစ်တွင် ယင်း ဖလားဆွတ်ခူးလိုကြောင်း မက်ဆီက ဩဂုတ်အစောပိုင်း၌ ပြော ကြားထားသည်။
‘‘တောင့်တင်းတဲ့ လူစာရင်း ကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပြီး ချန်ပီယံလိဂ်ဖလားအတွက် တိုက် ပွဲဝင်နိုင်ပါတယ်။ နည်းပြ ဂွာဒီယိုလာရဲ့ လက်ထက်တုန်းက ချယ်လ်ဆီးနဲ့ အင်တာမီလန်ကို ရှုံးပြီး ဒီဖလားနဲ့ လွဲခဲ့ပါတယ်။ အဲဒီတုန်းကထက် လက်ရှိအသင်း က ပိုကောင်းပါတယ်’’ဟု မက်ဆီ က ပြောကြားသည်။
၂၀၁၅ က ချန်ပီယံလိဂ် ဖလားကို နောက်ဆုံးဆွတ်ခူးခဲ့ သည့် ဘာစီလိုနာသည် ယခုနှစ် ချန်ပီယံလိဂ်အုပ်စုတွင် အင်တာ မီလန်၊ စပါး၊ ပီအက်စ်ဗီတို့နှင့် ကစားရမည်ဖြစ်သည်။
No comments:
Post a Comment