Responsive Ads Here

Monday, 10 September 2018

မန်ယူသို့ နည်းစနစ်ဒါရိုက်တာအဖြစ် ပြန်လာမည့်သတင်း ဗန်ဒါးဆား ငြင်းဆန်


မန်ချက်စတာယူနိုက်တက်အသင်းဆီကို နည်းစနစ်ဒါရိုက်တာအနေနဲ့ ပြန်လာမယ်ဆိုတဲ့ သတင်းတွေကို ဂိုးသမားဟောင်း ဗန်ဒါးဆားက ငြင်းဆန်သွားပါတယ်။
မန်ယူအသင်းဟာ ဂိုးသမားဟောင်း ဗန်ဒါးဆားကို အသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ဒီသတင်းတွေကို မိမိတွေ့ရပေမယ့် ဒါတွေဟာ သတင်းအမှားတွေသာဖြစ်ပြီး အေးဂျက်ဇ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်နေချင်သေးတယ်လို့ ဗန်ဒါးဆားက ပြောကြားခဲ့ပါတယ်။
အသက် ၄၇ နှစ်ရှိ ဗန်ဒါးဆားဟာ အေဂျက်ဇ်အသင်းမှာ အထွေထွေဒါရိုက်တာအဖြစ် ၂ နှစ်သက်တမ်း ကျန်ရှိသေးတာဖြစ်ပါတယ်။
ဂိုးသမားဟောင်း ဗန်ဒါးဆားဟာ ၂၀၀၅ ကနေ ၂၀၁၁ ခုနှစ်အထိ မန်ယူအသင်းမှာ  ပွဲပေါင်း ၂၆၀ ကျော် ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားတွေနဲ့ ချန်ပီယံလိဂ်ဖလားတလုံး ရယူနိုင်ခဲ့ပါတယ်။


No comments:

Post a Comment