ဒေါ့မွန်အသင်းမှာ ကစားနေတဲ့ အင်္ဂလန်ကစားသမား ဆန်ချိုဟာ နေမာလက်သစ် ဖြစ်လာနိုင်တယ်လို့ နည်းပြဟောင်း မိုက်စီချီက ပြောဆိုလိုက်ပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်ကစားသမား ဆန်ချိုဟာ ၂၀၁၇ ခုနှစ်ကတည်းက ဝတ်ဖို့ဒ်အသင်းကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ကစားနေတာပါ။
ဆန်ချိုကို လွတ်လွတ်လပ်လပ် ကစားခိုင်းမယ်ဆိုရင် အင်္ဂလန်ရဲ့ နေမာ ဖြစ်လာနိုင်တယ်လို့ နည်းပြ မိုက်စီချီက ဆိုပါတယ်။
မိုက်စီချီဟာ ဂျာဒန်ဆန်ချို အသက် ၁၅ နှစ်အရွယ်က နည်းပြဖြစ်ပြီး အမ်ကေဒွန်းအသင်းမှာလည်း လက်ရှိ စပါးကွင်းလယ်ကစားသမား အယ်လီကို မြေတောင်မြှောက်ပေးခဲ့တဲ့ နည်းပြ ဖြစ်ပါတယ်။ ဂျာဒန်ဆန်ချိုဟာ ဒေါ့မွန်အတွက် ၁၄ ပွဲကစားပြီး ၁ ဂိုး သွင်းထားပါတယ်။
No comments:
Post a Comment