Responsive Ads Here

Wednesday, 5 September 2018

ယူအက်စ်အိုးပင်းတွင် ဖက်ဒဲရာ စတုတ္ထအဆင့်မှ အိမ်ပြန်


နယူးယောက်- ဆွစ်ဇာလန်တင်း နစ်ကစားသမား ရော်ဂျာဖက်ဒဲရာ သည် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် (၅၅)ရှိ ဩစတြေး လျကစားသမား ဂျွန်မီလ်မန်းကို ရှုံးကာ စတုတ္ထအဆင့်မှ လှည့်ပြန် ခဲ့ရသည်။
ဖက်ဒဲရာ (၃၇)နှစ်သည် ယူအက်စ်အိုးပင်း ခြောက်ကြိမ် မြောက် ဆွတ်ခူးနိုင်ရန် ပြင်ဆင်ခဲ့ သော်လည်း ၃ နာရီ ၃၅ မိနစ် ကြာအောင် ကစားခဲ့ပြီးနောက် ဂျွန်မီလ်မန်းကို ၃-၆၊ ၇-၅၊ ၇-၆(၉-၇)၊ ၇-၆ (၇-၃) ဖြင့် ရှုံးနိမ့် ခဲ့သည်။
၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈ က ယူအက်စ်အိုး ပင်း ငါးနှစ်ဆက်ဆွတ်ခူးခဲ့သူ ဖက်ဒဲရာအနေဖြင့် ယခုရှုံးပွဲသည် ယူ အက်စ်အိုးပင်း၌ ကမ္ဘာ့အဆင့် ၅၀ ထက်ကျော်သော ကစားသမား များနှင့် ၄၁ ပွဲကစားခဲ့ရာ ပထမ ဆုံးရှုံးပွဲကြုံခြင်းဖြစ်သည်။
ဂရင်းဆလမ်ပြိုင်ပွဲ တစ်ခု တွင် ကွာတားဖိုင်နယ်သို့ ပထမ ဆုံးတက်ရောက်လာသည့် ဂျွန် မီလ်မန်းသည် ယူအက်စ်အိုးပင်း နှစ်ကြိမ်ချန်ပီယံ ဆားဘီးယား ကစားသမား ဂျိုကိုဗစ်နှင့် ယနေ့ ကစားမည်ဖြစ်သည်။
အမျိုးသားကွာတားဖိုင်နယ် ပွဲစဉ်သို့ တက်ရောက်လာသည့် ရှစ်ဦးအနက် ဂျွန်မီလ်မန်းတစ်ဦး သာ နိုင်ခြေအဆင့် သတ်မှတ်ခြင်း မခံရသူဖြစ်ပြီး ၎င်းသည် ဖက်ဒဲရာ ကို အနိုင်မရမီက ကမ္ဘာ့အဆင့် (၁၀) အတွင်းရှိ ကစားသမားတစ်ဦးကို တစ်ကြိမ်မျှ မနိုင်ခဲ့ပေ။
‘‘ရာသီဥတုက သိပ်ပူပါ တယ်။ တစ်ညကဆိုရင် လေ တောင်မရခဲ့ဘူး။ ဒီလိုမျိုးဖြစ်ပျက် တာ ကျွန်တော့်အတွက် ပထမဆုံး ပဲ။ ချွေးတပြိုက်ပြိုက်ကျပြီး ခွန် အားတွေ ယုတ်လျော့ကုန်ပါ တယ်။ ပွဲပြီးတော့ ပျော်တောင် ပျော်မိတယ်’’ဟု ဖက်ဒဲရာက ပြောသည်။
အမျိုးသမီးပွဲစဉ်တွင် ရုရှား သူရှာရာပိုဗာက စပိန်သူနာဗာရိုကို ၆-၄၊ ၆-၃ ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းမှာ တားမြစ်ဆေး ကြောင့် တင်းနစ်ကစားခွင့် ၁၅ လ ပိတ်ပင်ခံရပြီးနောက် အဓိကပြိုင် ပွဲကြီးငါးခုတွင် ရှာရာပိုဗာအနေ ဖြင့် ကွာတားဖိုင်နယ် အဆင့်၌ တစ်ကြိမ်မျှ မကျော်ဖြတ်နိုင်ခြင်း ဖြစ်သည်။
ယူအက်စ်အိုးပင်းရှုံးနိမ့်ခြင်း က ကစားသမားဘဝတွင် အခက်ခဲဆုံးအချိန်မဟုတ်ဘဲ ဆယ်ကျော်သက်ဘဝက ဒေါ်လာ အနည်း ငယ်သာရှိခဲ့ခြင်းနှင့် အနာဂတ်မရှိ တော့သလို ခံစားရခြင်းက အခက်အခဲဆုံးအချိန်ဖြစ်ခဲ့ကြောင်း ဂရင်းဆလမ်ချန်ပီယံ ငါးကြိမ်ရ ရှာရာ ပိုဗာက ပြောသည်။
    


No comments:

Post a Comment