Responsive Ads Here

Wednesday, 5 September 2018

သံသရာသစ်ငုတ်အမြစ်ဖြုတ်ကြစို့


မိမိတို့သံသရာထဲ ကျင်လည်ခဲ့ရတာ ကြောက်စရာကောင်းတဲ့သံသရာရှည်အောင်ပြုလုပ်တဲ့ ရေသောက်မြစ်တွေ ကိုအပြီးတိုင်မဖြုတ်နိုင်ရင် ဩော် သံသရာဟာ ရှည်အုံးမှာပဲ။ ဒီသံသရာထဲမရှည်ရအောင် ဒီအမြစ်တွေကို ပိုင် ပိုင်နိုင်နိုင်ဖြုတ်ကြရအောင်လို့ ကိုယ့်ကိုယ်ကိုဆုံးဖြတ်ချက်တွေကို ကောင်းစွာချနိုင်အောင် ကြိုးစားနိုင်အောင်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောဖော်ညွှန်ပြဆိုဆုံးမခဲ့တာတွေကို နားထောင်ကြည့်ရအောင်။ မိမိတို့အားလုံး ကိုယ့်ရဲ့သံသရာရှည်ခဲ့ရတဲ့ဘ၀တစ်လျှောက် ကြောက်စရာအကောင်းဆုံး သံသရာ ရေသောက်မြစ်ဆိုတာကြီး ကိုအရင်သိထားဖို့က မိမိတို့ရဲ့သန္တာန်မှာ ရရှိထားတဲ့ ခန္ဓာ ဘုရားပွင့်တော်မူလာမှ သိခွင့်ရတာက တစ်ခြားလား ဒုက္ခသစ္စာလား…ဒုက္ခသစ္စာပါ။ ခန္ဓာရဲ့ဒုက္ခသစ္စာ ၊ခန္ဓာရဲ့အပြစ်ကိုမမြင်လို့ ပဋိစ္စသမုပ္ပါဒ်နဲ့မဟောရဘူးလား.. ဟောရပါတယ်။ ပဋိစ္စသမုပ္ပါဒ်နဲ့ဟောတဲ့အခါ ခန္ဓာဟာ ဒုက္ခသစ္စာဟေ့လို့ ဟောထားတယ်နော်။ အဲ့ဒီခန္ဓာရဲ့အ ပြစ်တွေကို မသိတဲ့အတွက်ကြောင့်မို့လို့လည်း ရထားတဲ့ဘ၀ ပြည့်စုံမှု့တွေကိုအကြောင်းပြုပြီးတော့မှ ဝေဒနာ ပ စ္စယာ တဏှာရယ်လို့ မိမိတို့ရဲ့သန္တာန်မှာ ဖြစ်ပေါ်လာအောင် ပေါ်သမျှအာရုံတွေနောက်မှာသဘောကျမိတဲ့ ဟောဒီအာရုံတွေရဲ့
ဆက်သွယ်ပေးမှု့ကြောင့် ပဋိစ္စသမုပ္ပါဒ်ဆက်ပြီး ဟောဒီသံသရာကော မရှည်ခဲ့ရဘူးလား.. ရှည်ခဲ့ရပါတယ်။
ကိုယ်အလိုမကျတာတွေပေါ်ပြန်တော့လည်း ဟောဒီတဏှာကိုကျော်ဖြတ်ပြီး ဒေါသကလာပြန် တယ်နော်။ အဲ့ဒီဒေါသတရားတွေကို တစ်ခါပြန်ပြီးတော့မှ ဖြစ်ချင်အောင် ကိုယ့်ရဲ့စိတ်ပျက်မှု့တွေက အမြန်ဆုံး ပျောက်ချင်တာကလည်းပဲ ဘယ်သူပြန်လာတုန်း…တဏှာ ပြန်လာတယ်။ ကဲ ဒီလိုလွန်းထိုးပြီးတော့ ဖြစ်ပေါ်နေ ရတဲ့ ရှုပ်ယှက်ခတ်နေတဲ့ အရာတွေအပေါ်မှာ ဘယ်သူကထပ်အုပ်ချုပ်လဲမေးတော့ ..အ၀ိဇ္ဇာ။ ဒါဖြင့်လောဘ တွေဖြစ်လိုက် ၊ဒေါသတွေဖြစ်လိုက် ၊ အမှန်ကိုမသိတဲ့ မောဟကဖုံး ဒီတရားသုံးမျိုးကြောင့်လည်းပဲ သံသရာမှာ ဆုံးဖွယ်ရာမရှိအောင် ဒို့ရှည်ခဲ့တယ်လို့ နားလည်လိုက်ပါ။ လောဘ၊ဒေါသ ၊ မောဟဆိုတဲ့တရားသုံးမျိုးသည် သံ သရာရှည်အောင်လို့ ကြောက်စရာကောင်းတဲ့ ရေသောက်မြစ်တွေလို့ မှတ်ထားနော်။ ဒါဖြင့်လောဘတွေကြီးနေ သမျှ ၊လောဘတွေကို မပယ်နိုင်သမျှ သံသရာရှည်မှာပဲ။ ဒေါသတွေကိုမပယ်နိုင်သမျှ သံသရာရှည်မှာပဲ။ မော ဟ အုပ်စိုးမှု့အောက်မှာ နစ်မြုပ်နေသမျှ သံသရာရှည်မှာပဲ။
ဩော်သံသရာထဲမှာ မိမိတို့ဘာ့ကြောင့်များ ရှည် ကြာခဲ့သလဲမေးရင် ရေသောက်မြစ်တွေဆက်နေလို့ ၊ရေသောက်မြစ်တွေကို ရှင်သန်ပေါက်ဖွားအောင်ကြိုးစား နေလို့ ၊ ဒီရေသောက်မြစ်တွေကို မဖြတ်မိလို့ဆိုတာကိုတော့ မမေ့ကြနဲ့။ ကဲ ရရှိထားတဲ့ခန္ဓာတွေကို ဒုက္ခလို့ ဘယ်လောက်ဟောဟော အမှန်ကိုမြင်အောင်ဟောပေမယ့် မမြင်အောင် ဘယ်သူလုပ်တာလဲ…အ၀ိဇ္ဇာ။ ဒီတော့ မိမိတို့တစ်တွေက ပြည့်စုံကြွယ်ဝချမ်းသာမှု့လေးတွေ ခန္ဓာကိုယ်ရဲ့သက်တောင့်သက်သာမှု့လေးတွေကို အမြဲမ ပြတ်လိုချင်ကြတဲ့သဘောကလည်းပဲ မပေါ်ဘူးလား..ပေါ်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့သန္တာန်မှာ ကိုယ်လိုချင်တာ လေးတွေကိုရအောင်လုပ်နေသမျှ ဒီပုဂ္ဂိုလ်လည်း သံသရာရှည်လိမ့်မယ်လို့ မှတ်ထားနော်။ တစ်ခါကိုယ်မဖြစ်ချင် တာတွေကိုပျက်အောင်လုပ်သမျှလည်းပဲ သံသရာရှည်မယ်လို့မှတ်ထား။ ဖြစ်ပေါ်လာတဲ့တရားတွေအပေါ်မှာ အ မှန်သိမြင်အောင် မကြိုးစားရင်လည်း သံသရာရှည်အုံးမယ်။ ဒါဖြင့် သိအောင်လုပ်ရင်လည်း သံသရာရှည်မယ်။ မ သိရင်လည်း သံသရာရှည်မယ်။
  • ဖြစ်အောင်လုပ်က လောဘတဏှာ
  • ပျက်အောင်ပြုက ဒေါသအာဃာ
  • ဖြစ်ပျက်တရား  ရှု့ပွား ၀ိဇ္ဇာ မရှု့အ၀ိဇ္ဇာ
ပြောသွားတဲ့အရာတွေအပေါ်မှာ အမြင်ရှင်းအောင်လုပ်လိုက်ရင် သံသရာရေသောက်မြစ်ပြတ်ပြီလို့ မှတ်လိုက် နော်။ တစ်နေ့ တစ်နေ့ ကိုယ့်ရဲ့ဖြစ်ချင်တာ ၊ လုပ်ချင်တာတွေကို ဖြစ်အောင်လုပ်နေသမျှ ၊ ကိုယ်လိုချင်တာတွေ ကို ဖြစ်အောင်ပြုနေသမျှ အဲ့ဒီပုဂ္ဂိုလ်ရဲ့သန္တာန် ဘယ်သူလာလဲမေးရင် …လောဘပေါ့။ မိမိတို့သန္တာန်မှာ ကိုယ်က တရားဓမ္မအားထုတ်ထာတောင်မှ တစ်ခါတစ်လေအဆင်ပြေသွားတဲ့အပိုင်းလေး ကြုံလိုက်ရရင် အဲ့ဒါကိုဖြစ် အောင်လုပ်ချင်လာတယ်။ ရအောင်လုပ်ချင်လာတယ်။ ဖြစ်အောင်ပြုတယ်၊ ရအောင်ပြုတယ်ဆိုရင် ဘယ်သူ့သ ဘော …လောဘ။ ဒို့တရားဓမ္မတွေက ဖြစ်အောင်ပြုလို့ရလား ..မရပါဘူး။ ပျက်အောင်လုပ်လို့ရလား..မရပါဘူး။ အေး မရတာကို ကိုယ်က အဲ့ဒါလေးကို ဖြစ်အောင်လုပ်ချင်တယ် ပြုချင်တယ် ဖြစ်အောင်လုပ်နေသမျှ လောဘ။
ကဲ အခုအချိန်အခါမှာ တရားဓမ္မတွေနာကြားနေတယ်။ တရားဓမ္မတွေနာကြားနေတဲ့အပေါ်မှာ သိသာထင်ရှားတဲ့ ခန္ဓာရဲ့သဘောလေးအပေါ်မှာ အသိအမြင်လေးကိန်းပြီးတော့ သတိပြုကြည့်လိုက်ရင် အခုလိုပတ်ဝန်းကျင်က ဥ တုရာသီရဲ့ ဖောက်ပြန်မှု့လေးက ဟောဒီခန္ဓာကိုယ်ပေါ်မှာ တွေ့ထိမှု့နဲ့လာပြီးတော့ အကြောင်းလည်း ဆုံပေး လိုက်ရော အိုက်တယ်၊ပူတယ် လာတော့တာပဲနော်။ အိုက်တယ် ၊ပူတယ် လာတဲ့အခါမှာ အိုက်တာကိုလည်းပဲ သဘောမကျတော့ ပျက်ခြင်တယ်။ ကိုယ်ကအိုက်တာလေးကိုသဘောမကျလို့ ပျက်အောင်လုပ်တယ်ဆိုက တည်းကိုက ဘာတုန်း…ဒေါသ။ ဒါဖြင့် အဲ့ဒီလိုပျက်အောင်လုပ်လိုက်တာက ဒေါသ၊ ပြန်ပြီးတော့မှ ဖြစ်ချင်တာက လောဘ။ သဘောပေါက်ပါစေနော်။
ဘာဖြစ်လို့လည်းမေးတော့ အိုက်တာကိုမကြိုက်ဘူးလေ။ အိုက်တာကိုမ ကြိုက်ရင် သူတော်စင်များရဲ့သန္တာန်မှာ ဒေါသကတော့လာမှာပဲ။ လာရင်ရေသောက်မြစ်ကတွယ်ပြီဖြစ်တဲ့အ တွက် ပဋိစ္စသမုပ္ပါဒ်က ဆက်ပြီနော်။ အဲ့ဒီလိုပျက်တာကို ကိုယ်က ပြန်ပြီးတော့မှ ကောက်ပြီး ကာယကံမြောက် လေး ဒါလေးကိုပျက်အောင် ပျက်အောင်လုပ်နေတဲ့ ဒုက္ခလေးကိုမမြင်တဲ့အတွက်ကြောင့်မို့လို့ တဖျပ်ဖျပ်ခပ်နေ တဲ့ ယပ်လေးရဲ့ တိုက်ခတ်မှု့ကြောင့် လေလေးက တိုက်သွား တိုက်သွားတိုင်းမှာ အေးခနဲ အေးခနဲ ပေါ်မလာ ဘူးလား..ပေါ်လာပါတယ်။ အဲ့ဒီလိုဖြစ်နေတာက ဘယ်သူ့လက်ချက်..လောဘ၊ အိုက်တာကိုမခံချင်လို့ ပျက် အောင်လုပ်တာက …ဒေါသ။ ဒါဖြင့် ယပ်ခပ်နေတာ ဘာနဲ့ဘာ…လောဘနဲ့ဒေါသ။ လောဘ၊ဒေါသသည် ရေ သောက်မြစ်တွေနော်။
ဒါဆိုရင် လောဘ ဒေါသတရားတွေသည် အရှု့ခံပဲလို့ မပေါ်ဘူးလား ပေါ်လား..ပေါ်ပါ တယ်။ မရှု့နိုင်တာက အ၀ိဇ္ဇာ။ ဒါဖြင့် အိုက်တိုင်း အိုက်တိုင်း ယပ်ခပ်နေတာသည်ပင် ရေသောက်မြစ်ကို ပျိုး ထောင်နေတာ။ ရေသောက်မြစ်တွေပျိုးထောင်နေတာမို့လို့ ဒီပုဂ္ဂိုလ် သံသရာပြတ်မှာလား… ရှည်မှာလား. ရှည် မှာပါ။ ရေသောက်မြစ်မဖြတ်နိုင်သမျှ သံသရာရှည်မှာ။ အခုတရားဓမ္မနာနေတာသည်ပင် ရေသောက်မြစ် ဖြတ်ဖို့ တရားအလုပ် လုပ်နေတာသည်ပင် ရေသောက်မြစ်ဖြတ်ဖို့။ ကဲ ဖြတ်လား ဆက်လားဆိုတာကိုပြန်ကြည့်။ အိုက် တာကို မခံချင်သမျှ ဆက်နေတာ။ အိုက်တာကိုမခံချင်တာက ဒေါသ၊ အိုက်တာလေးကိုပျက်အောင်လုပ်ချင်ပြီး အေးတာလေးကို လိုချင်တာက လောဘ။ သဘောပေါက်ရဲ့လား။ ဒါဖြင့် အိုက်တာရယ် အေးတာရယ် ဘယ် ဟာ သဘောကျလဲ… ဘယ်ဟာမှသဘောမကျပါဘူးဘုရား။ အိုက်တာလေးကလည်း အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ။ အေးတာလေးကလည်း အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ဓမ္မသက်သက်ပဲ။ ပေါ်ပြီးပျောက်၊ ဖြစ် ပြီးပျက်၊ မွေးပြီးသေ။ ကဲ ဘယ်ဟာမြဲသလဲ။ အနိစ္စ၊ဒုက္ခ၊အနတ္တ သက်သက်နော်။ ကိုယ့်သဘောနဲ့ကိုယ် ဟိုဟာ ဖြစ်စေ ဒီဟာဖြစ်စေလို့များ လုပ်လို့ရသလား…မရပါဘူး။

Ref: https://thonsethar.wordpress.com

No comments:

Post a Comment