Responsive Ads Here

Monday, 10 September 2018

နာမည်ကြီး ဆရီနာဝီလျံကို အနိုင်ယူပြီး ဂျပန်တင်းနစ်မယ် အိုဆာကာ ဂရင်းစလင်းချန်ပီယံဆု ရယူ


ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်းပြိုင်ပွဲမှာ ဂျပန်က အိုဆာကာက အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံကို ၆ – ၂၊ ၆ – ၄ နဲ့ အနိုင်ယူပြီး ပထမဆုံး ဂရင်းစလင်း ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။
ဂျပန်တင်းနစ်ပရိသတ်တွေဟာ ဒီပွဲကို ဘားတခုမှာ လာရောက်အားပေးခဲ့ကြသလို အိုဆာကာ ချန်ပီယံဖြစ်ခဲ့တာကြောင့် တိုကျိုမြို့မှာလည်း ပရိသတ်တွေ အောင်ပွဲခံခဲ့ကြပါတယ်။
ဂျပန်ပရိသတ်တဦးကတော့ ဒီပွဲမှာ အိုဆာကာက ပိုကောင်းခဲ့ပြီး ပြီးပြည့်စုံတဲ့ ပွဲတပွဲ ဖြစ်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
ဂျပန်နိုင်ငံသူတဦးအနေနဲ့ ကမ္ဘာ့အဆင့် ဂရင်းစလင်းချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။
အမေရိကန်မှာကျင်းပတဲ့ ပြိုင်ပွဲမှာ အမေရိကရဲ့ တင်းနစ်ဘုရင်မ ဆရီနာဝီလျံကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်ဂုဏ်ယူမိတယ်လို့လည်း အသက် ၃၂ နှစ်ရှိ တင်းနစ်ပရိသတ် ရာမာဂါရှိက ပြောကြားခဲ့ပါတယ်။


No comments:

Post a Comment