ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီဟာ ရုရှားကလပ် စပါးတပ်မော်စကိုအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
အသက် ၃၇ နှစ်ရှိ အင်္ဂလန်ကစားသမားဟောင်း တယ်ရီဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာအသင်းမှာ ကစားခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတာပါ။
စပါးတပ်မော်စကိုအသင်းဟာ လက်ရှိ ရုရှားပရီးမီးယားလိဂ်မှာ ဇင်းနစ်အသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
တယ်ရီအနေနဲ့ စပါးတပ်မော်စကိုနဲ့ တနှစ်စာချုပ်အပြင် နောက်ထပ်တနှစ် သက်တမ်းခွင့်ရမယ့် သဘောတူညီမှုလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
ယူရိုပါလိဂ်မှာ စပါးတပ်မော်စကိုက ရိန်းဂျားအသင်းနဲ့ တွေ့ဆုံနေတာကြောင့် အပြောင်းအရွှေ့ တကယ်ဖြစ်လာခဲ့ရင်တော့ ရိန်းဂျားနည်းပြ စတီဖင်ဂျရတ်နဲ့ တယ်ရီတို့ ပြန်လည်တွေ့ဆုံဖို့လည်း ရှိနေပါတယ်။
No comments:
Post a Comment