Responsive Ads Here

Monday, 10 September 2018

လက်စတာနောက်ခံလူ ဘင်ချီဝဲလ်နှင့် တိုက်စစ်မှူး ဂရေးတို့ကို အင်္ဂလန်အသင်းတွင် ရွေးချယ်


အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ လက်စတာနောက်ခံလူ ဘင်ချီဝဲလ်နဲ့ တိုက်စစ်မှူး ဒီမာရိုင်းဂရေးကို ထပ်တိုးခေါ်ယူလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ စပိန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဘယ်နောက်ခံလူ လုခ်ရှော ဒဏ်ရာရခဲ့တာကြောင့် ဘင်ချီဝဲလ်ကို အစားထိုး ခေါ်ယူခဲ့တာပါ။
ဒါ့အပြင် ဒဏ်ရာကြောင့် နုတ်ထွက်သွားတဲ့ စတာလင်ရဲ့နေရာမှာလည်း ဂရေးနဲ့ အစားထိုးခဲ့တာပါ။
ဘင်ချီဝဲလ်နဲ့ ဂရေးတို့ဟာ အင်္ဂလန် ယူ-၂၁ အသင်းမှာ နည်းပြဆောက်ဂိတ်နဲ့ လက်တွဲခဲ့ဖူးသူတွေပါ။
အင်္ဂလန်အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ဆွစ်ဇာလန်အသင်းနဲ့ ခြေစမ်းပွဲကစားရမှာ ဖြစ်ပါတယ်။


No comments:

Post a Comment