Responsive Ads Here

Wednesday, 5 September 2018

ရှိမရှိ ငြင်းခုံကြခြင်း


ငါဘုရားသည် လောကလူတို့နှင့် မငြင်းခုန်။
လောကလူတို့သာ ငါဘုရားနှင့် ငြင်းခုန်ကြ၏။
တရားအတိုင်း ပြောတတ်သူသည် တစ်စုံတစ်ဦးနှင့်မျှ မငြင်းခုန်။
လောက၌ ပညာရှိတို့ ရှိ၏ဟုဆိုသည်ကို ငါဘုရားသည် ရှိ၏ဟုဆို၏။ ပညာရှိတို့က မရှိဟုဆိုသည်ကို ငါဘုရားလည်း မရှိဟုဆို၏။
ရှိ၏ဟူသည်မှာ မမြဲသော၊ ဆင်းရဲစက်ဆုပ်ဖွယ် အချည်းနှီးသော၊ ဖောက်ပြန်ပျက်စီးသော ရုပ်နာမ်တရားမည်သည် ရှိ၏ဟု ပညာရှိတို့ဆိုကြ၏။ ဤသို့ပင် ရှိ၏ဟုဆို၏။
မရှိဟူသည်မှာ မြဲသော၊ ခိုင်ခံ့တည်တံ့မဖောက်ပြန် မပျက်စီးသော ရုပ်နာမ်တရားမည်သည် လောက၌မရှိဟု ပညာရှိတို့ဆိုကြ၏။ ဤသို့ပင် မရှိဟုဆို၏။
(သံ၊ ၂၊ ပုပ္ဖသုတ်၊ ၁၃၃)
ရှိသည့်တရားကား အနိစ္စ၊ ဒုက္ခ၊ အနတ္တမျှသာ ရှိပါသည်။
မရှိသည့်တရားကား နိစ္စ၊ သုခ၊ သုဘ၊ အတ္တဟူသည် စိုးစဉ်းမျှ မရှိချေ။
အကြင်သူသည် ငါဘုရားက ဟောပြောဖွင့်ပြ ဝေဖန်ပေါ်လွင်အောင် ပြုသော်လည်း မသိမမြင် ဥာဏ်မျက်စိကန်းသော သူမိုက်ကို ငါဘုရား အသို့ပြုနိုင်အံ့နည်း။
ရေမှပေါက်ဖွားသော ကြာသည် ရေမှတက်၍တည်၏၊ ရေနှင့်မလိမ်းကြံ။ လောကမှ ပေါက်ဖွားသော ငါဘုရားသည် လောကကို လွှမ်းမိုးတည်၏၊ လောကနှင့် မလိမ်းကြံဟု မိန့်၏။
ရဟန်းတို့၊ ဤအကျင့်မြတ် သာသနာတော်သည်-
လာဘ်အပူဇော် အခြံရံ အကျော်စောဟူသော အကျိုးငှာမဟုတ်၊
သီလနှင့် ပြည့်စုံခြင်းဟူသော အကျိုးငှာ မဟုတ်၊
ဥာဏ်အမြင်နှင့် ပြည့်စုံခြင်းဟူသော အကျိုးငှာမဟုတ်၊
မပျက်စီးနိုင်သော အကြင်လွတ်မြောက်မှုသည် ရှိ၏။ ဤအကျင့်မြတ်သည် ထိုမပျက်စီးနိုင်သော၊ လွတ်မြောက်မှုဟူသော အကျိုးငှာ ဖြစ်၏။ ထိုမပျက်စီးနိုင်သော လွတ်မြောက်မှုသည် အနှစ်တရားဖြစ်၏။ ထိုမပျက်စီးနိုင်သော လွတ်မြောက်မှုသည် အဆုံးပေတည်းဟု မိန့်တော်မူ၏။
(မဟာသာရောပမသုတ် အဆုံး၊ ဦးမြို့ဘာသာပြန်) (မ-/၂၅၇)






No comments:

Post a Comment