Responsive Ads Here

Thursday, 6 September 2018

ခြေထောက်ဆုံးရှုံးရမည့် အခြေအနေအထိ ရင်ဆိုင်ခဲ့ရဟု လုခ်ရှော ပြော


မိမိရဲ့ခြေထောက် ဆုံးရှုံးရမယ့် အခြေအနေအထိ ရင်ဆိုင်ခဲ့ရတယ်လို့ မန်ယူနောက်ခံလူ လုခ်ရှောက ပြောကြားလိုက်ပါတယ်။
လုခ်ရှောဟာ ၂၀၁၅ ခုနှစ်က ပီအက်စ်ဗွီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ခံလူ မိုရီနိုရဲ့ ဖျက်ထုတ်မှုကြောင့် ညာဘက်ခြေထောက်ရိုး နှစ်ခုအထိ ကျိုးခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းက ဒဏ်ရာအခြေအနေက သွေးခဲမှုရှိခဲ့လို့ ခြေထောက်ဆုံးရှုံးရဖို့အထိတောင် နီးစပ်ခဲ့ပြီး နောက်ထပ် ၆ လလောက်အထိ ဘာဖြစ်မလဲဆိုတာ မသိရသေးဘူးလို့ လုခ်ရှောက ဆိုပါတယ်။
လုခ်ရှောဟာ အဲဒီဒဏ်ရာပြဿနာတွေကြောင့် မန်ယူအသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ သြဂုတ်လအတွက် မန်ယူအသင်းရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့အထိ ခြေစွမ်းပြနေပါတယ်။
အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံရလို့လည်း ပျော်ရွှင်မိပြီး အကောင်းဆုံးပုံစံကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ လုခ်ရှောက ပြောကြားခဲ့ပါတယ်။


No comments:

Post a Comment