အမေရိကန်နိုင်ငံမှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ နာမည်ကြီး ဆရီနာ ဝီလျံစ်က လတ်ဗီးယားက အန်နာစတားစီးယာ ဆာဗက်စတိုဗာကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။
အသက် ၃၆ နှစ်အရွယ် ဆရီနာအတွက် ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဂရန်းစလန်း ဗိုလ်လုပွဲကို တက်ရောက်နိုင်တာပါ။
သူဟာ ဆီမီးဖိုင်နယ်မှာ ၆ – ၃၊ ၆ – ၀ နဲ့ အနိုင်ယူခဲ့တာပါ။
အမေရိကန်သူ ဆရီနာဟာ ယူအက်စ်အိုးပန်း ဗိုလ်လုပွဲမှာ ဂျပန်က နာအိုမီ အိုဆာကာနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဆရီနာဟာ စံချိန်တင်အဖြစ် ၂၄ ကြိမ်မြောက် ဂရန်းစလန်း ဆုဖလားကို ရရှိဖို့ နီးစပ်နေပါတယ်။
No comments:
Post a Comment