ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုဗက်ဂျိုကိုဗစ်က ဂျူအန်မာတင် ဒယ်ပေါ်တိုကို အနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးသွားပါတယ်။
ဂျိုကိုဗစ်ဟာ ယူအက်စ်အိုးပန်း ချန်ပီယံဆုကို ကစားသမားဘဝမှာ ၃ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဂျိုကိုဗစ်ရဲ့ လက်စွမ်းပြ ရိုက်ချက်တွေကို အာဂျင်တီးနားနိုင်ငံသား ဒယ်ပေါ်တို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
ဒယ်ပေါ်တိုဟာ ၂၀၀၉ ယူအက်စ်အိုးပန်း နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်လှမ်းလာတာပါ။
အသက် ၃၁ နှစ်အရွယ် ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်က ပထမပွဲကို ၆ – ၃၊ ဒုတိယပွဲကို ၇ – ၆၊ တတိယပွဲကို ၆ – ၃ နဲ့ အနိုင်ရသွားတာပါ။
ယူအက်စ်အိုးပန်း ချန်ပီယံဆုဖလားဟာ ဂျိုကိုဗစ်အတွက် ၁၄ ခုမြောက်ရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။
No comments:
Post a Comment