Responsive Ads Here

Saturday, 6 April 2019

လက်ကျန်ပွဲတိုင်း အရေးပါဟု အာဆင်နယ် နည်းပြ ပြော


အဆင့် ၃ ​နေရာအတွက်​ အဲဗာတန်​နဲ့ပွဲစဉ်​ဟာ အဓိကကျပြီး အနိုင်​ ၃ မှတ်​ရရှိဖို့ လိုအပ်​သလို လက်​ကျန်​ပွဲတိုင်းကလည်း အ​ရေးပါတယ်​လို့ အာဆင်​နယ်​နည်းပြ အူနိုင်းအန်​​မရီက ​ပြောကြားလိုက်​ပါတယ်​။
အာဆင်​နယ်​အသင်းဟာ စပါးအသင်းထက်​တ​ပွဲ​လျော့ကစားထားပြီး ၁ မှတ်​အကွာနဲ့ အဆင့် ၄ ​နေရာမှာ ​ရပ်တည်​နေပါတယ်​။
လာမယ့် တနင်္ဂ​နွေ​နေ့ပွဲစဉ်​ဟာ အာဆင်​နယ်​အသင်းအတွက်​ အဆင့် ၃ ​နေရာရရှိဖို့ မဖြစ်​မ​နေ အနိုင် ​၃ မှတ်​ရရှိဖို့ လိုအပ်​​နေပါတယ်​။
အဲဗာတန်​အသင်းက​တော့ အာဆင်​နယ်​အတွက်​ အမြဲတမ်းခက်​ခဲတဲ့ ပြိုင်​ဘက်​ဖြစ်​တာ​ကြောင့် ပွဲ​ကောင်းတပွဲဖြစ်​လာဖို့ရှိ​နေပါတယ်​။
အာဆင်​နယ်​အသင်းဟာ လက်​ကျန်​ ၇ ပွဲဟာ ပွဲ​​ချောင်​​နေ​ပေမယ့် ​အ​ဝေးကွင်းပွဲစဉ်​ ၅ ပွဲထိကစားရဖို့ နည်းပြအန်​မရီက​တော့ စိုးရိမ်​​နေပါတယ်​။


No comments:

Post a Comment