တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၂၀၁၈ ခုနှစ်က ကမ္ဘာ့စံချိန်တင် အမြတ်ငွေ ပေါင် ၁၁၃ သန်း ရရှိခဲ့ပါတယ်။
အခုရတဲ့ အမြတ်ငွေဟာ လီဗာပူးအသင်း ရထားတဲ့ အမြတ်ငွေ ပေါင် ၁၀၆ သန်းထက် ပိုများခဲ့ပါတယ်။
စပါးအသင်းရဲ့ အမြတ်ငွေတွေဟာ ဝင်ဘလေကွင်းကြီးမှာ ပရိသတ် အရေအတွက် ပိုရခဲ့တာ၊ ကစားသမားတွေကို ရောင်းချတာတွေကြောင့် ၂၀၁၇-၁၈ အတွင်းမှာ ပေါင်သန်း ၃၁၀ ကနေ ၃၈၀ အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ကွင်းသစ်တည်ဆောက်နေတုန်း ဝင်ဘလေကွင်းကြီးမှာ အိမ်ကွင်းအဖြစ် ကစားခဲ့တဲ့အတွက် ကွင်းဝင်ကြေး ပေါင် ၁၉ သန်းကနေ ၄၂ ဒသမ ၆ သန်းအထိ တိုးတက်ရရှိခဲ့ပါတယ်။
No comments:
Post a Comment