Responsive Ads Here

Wednesday, 5 December 2018

ဒါရိုက်တာ မိုက်တီးကိုရုံးထုတ်၊ တရားလို ရဲအုပ်ကို စစ်ဆေး


မူးယစ်ဆေးဝါးမှုနဲ့ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာမိုက်တီး(ခ)သန်းထွန်းဇော်ကို ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ်တရားရုံးမှာ ၁၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး တရားလို ရဲအုပ်ညွန့်ဝင်းနဲ့  တရားလိုပြသက်သေတဦးကိုလည်း စစ်ဆေးခဲ့ပါတယ်။
ဒါရိုက်တာမိုက်တီးကို ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်က မူးယစ်ဆေးပြား ၂၆ ပြားနဲ့အတူ တွေ့ရှိဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆(ဂ)နဲ့ တရားစွဲထားတာဖြစ်ပါတယ်။
ဒီအမှုအတွက် နောက်ထက်စစ်ဆေးဖို့ကိုတော့ ဒီဇင်ဘာ ၁၂ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ ပါတယ်။
ဒါရိုက်တာမိုက်တီး အချုပ်ကျနေစဉ်ကာလအတွင်း ဖခင် ဒါရိုက်တာဦးခင်ဇော်၊ အသက် (၉၁)နှစ်ဟာ ဒီဇင်ဘာ ၃ ရက်ညက ကွယ်လွန်သွားခဲ့ပါတယ်။  ဒီဇင်ဘာ ၇ ရက်နေ့မှာ ဒါရိုက်တာဦးခင်ဇော်ရဲ့ ဈာပန ကျင်းပမှာ ဖြစ်ပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment