Responsive Ads Here

Monday, 3 December 2018

မြန်မာပြည်တွင်ထုတ်လုပ်သည့် လေအိပ်ရထားတွဲများ စတင်ပြေးဆွဲမည်


မြန်မာနိုင်ငံမှာထုတ်လုပ်တဲ့ လေအိပ်ရထားတွဲတွေကို မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ စတင်ပြေးဆွဲဖို့   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။
၂၀၁၇ ဒီဇင်ဘာက စတင်တည်ဆောက်ခဲ့တဲ့ လေအိပ်ရထားတွဲ ၂၁ တွဲဟာ အခုလပိုင်း ပြီးစီးမှာဖြစ်ပြီး ရှေ့နှစ်ဆန်းပိုင်းမှာ  မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းအတွက် ပြေးဆွဲမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောပါတယ်။
“ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-ပြည်ကို ရထားတွဲ ၃၉ တွဲနဲ့ သုံးထားတာဖြစ်ပါတယ်။ ကျန်တဲ့ ၂၁ တွဲကို ကျနော်တို့ဘာသာကျနော်တို့ လေအိပ်စနစ်နဲ့ တွဲတွေကို ဆောက်တတ်အောင် တည်ဆောက်နေပါတယ်။ မနှစ်က ဒီဇင်ဘာကနေဆောက်တာ အခု ၂၁ တွဲပြီးတော့မှာ ဖြစ်ပါတယ်။ ၂၁ တွဲ ဒီလထဲပြီးရင် ကျနော်တို့ ရှေ့လထဲမှာ မန္တလေး-မြစ်ကြီးနား လေအိပ်ရထား တစ်စဉ်း အစုန်၊အဆန် နေ့စဉ်ပြေးဆွဲသွားမှာဖြစ်ပါတယ်”
၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းမှာ ရထားတွဲဆိုင်း ၅၀ ကို ကိုယ်တိုင်တည်ဆောက်နိုင်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ တင်ပြခဲ့ပြီး ရထားတွဲဆိုင်း ၁၅ တွဲသာ တည်ဆောက်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
မြန်မာ့မီးရထားကဏ္ဍအတွက် ရထားသံလမ်းကနေ ရထားတွဲဆိုင်းအထိ ထုတ်လုပ်နိုင်ခြင်း မရှိတဲ့အတွက် ခေတ်အဆက်ဆက်က အစိုးရတွေအနေနဲ့ ပြည်ပချေးငွေရယူပြီး အသုံးပြု ခဲ့ရလို့ အစိုးရက ချေးယူထားတဲ့ ပြည်ပချေးငွေရယူထားတဲ့ အများဆုံးဌာနတွေထဲမှာ အဆင့် ၃ နေရာမှာ တည်ရှိနေပါတယ်။
ခေတ်အဆက်ဆက်အစိုးရအနေနဲ့ မြန်မာ့မီးရထားကဏ္ဍအတွက် ပြည်ပချေးငွေရယူ သုံးစွဲ ခဲ့တာဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇၉ ဘီလီယံ အထိရှိပါတယ်။
မြန်မာနိုင်ငံထဲမှာ ရထားလမ်းပိုင်း ၃၇ ခုရှိနေပြီး ရထားလမ်းပိုင်းအားလုံးကို အစိုးရအနေနဲ့ အရှုံးခံပြေးဆွဲနေရတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

Ref:http://burmese.dvb.no

No comments:

Post a Comment