Responsive Ads Here

Friday, 30 November 2018

တိုက်စစ်မှူး အောင်သူကို ဂျပန် ထိပ်သီးကလပ်အသင်းတခုက ဝယ်ယူရန် စီစဉ်နေ


မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ဂျပန်နိုင်ငံ ထိပ်သီးကလပ်အသင်းတခု ဖြစ်တဲ့ Hokkaido Consadole Sapporo အသင်းက ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ဂျပန်အားကစားသတင်းစာတွေမှာ ရေးသားထားပါတယ်။
လက်ရှိ ထိုင်းလိဂ်ဝမ်းကလပ် ပုလိစ်​တယ်​ရိုအသင်းမှာ ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူကို ဝယ်ယူမှု အောင်မြင်နိုင်ခဲ့ရင် ဂျပန်နိုင်ငံ ဂျေလိဂ်မှာ ပထမဆုံးကစားမယ့် မြန်မာနိုင်ငံသား ဖြစ်လာမှာပါ။
ဆပိုရိုမြို့အခြေစိုက် ကွန်ဆာဒိုလ် ဆပိုရို ကလပ်အသင်းမှာ လက်ရှိ ထိုင်းနိုင်ငံသား ချာနာတစ် ဆောင်ကရာဆင် (Chanathip Songkrasin) ဟာ တိုက်စစ်မှူးနေရာက ဝင်ရောက်ကစားနေပြီး ဂျပန်ဘောလုံးလောကမှာ ထင်ရှားသူတဦးလည်း ဖြစ်ပါတယ်။
ဂျပန်အားကစားသတင်းစာတွေကတော့ မြန်မာတိုက်စစ်မှူး အောင်သူကို Hokkaido Consadole Sapporo အသင်းရဲ့ တိုက်စစ်မှူး ချာနာတစ် ဆောင်ကရာဆင် ပြီးရင် ဒုတိယမြောက် တိုက်စစ်မှူးအဖြစ် တင်စားပြီး စိတ်ဝင်တစား ဖော်ပြနေပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment