Responsive Ads Here

Friday, 30 November 2018

ဂါရတ်ဘေးလ် ဂျူဗင်တပ်သို့ ပြောင်းမည့်သတင်း အေးဂျင့် ငြင်းဆို


ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အသင်းကနေထွက်ခွာပြီး အသင်းဖော်ဟောင်း ရော်နယ်ဒိုရှိတဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် သူ့ရဲ့အေးဂျင့်ကတော့ ငြင်းဆိုသွားပါတယ်။
ဂါရတ်ဘေးလ်ဟာ စပါးအသင်းက ပြောင်းရွှေ့ခဲ့စဉ်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ကာလကြာမြင့်အောင် ကစားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
အေးဂျင့်ဖြစ်သူ ဘားနက်က ဘေးလ်အနေနဲ့ လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ပျော်ရွှင်နေလို့ အသင်းပြောင်းဖို့ စဉ်းစားဦးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပေမယ့် အပြောင်းအရွှေ့ ဈေးကွက်ဆိုတာ ဘာမဆိုဖြစ်လာနိုင်တာကြောင့် အနာဂတ်မှာတော့ မသေချာနိုင်ဘူးလို့လည်း ပြောပါတယ်။
ဒါ့အပြင် ရော်နယ်ဒို အသင်းကို စွန့်ခွာသွားတာဟာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တဲ့အပြင် ဂါရတ်ဘေးလ်ဟာလည်း ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရတာကို သဘောကျသူဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရတော့ ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာ အလွန်အမင်း ပျော်ရွှင်နေပြီး ခေါ်ယူဖို့ နာမည်ထွက်နေတဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းတွေအတွက်တော့ စိတ်ပျက်စရာသတင်း ဖြစ်ခဲ့ပါတယ်။
Ref:http://burmese.dvb.no

No comments:

Post a Comment