Responsive Ads Here

Sunday, 4 November 2018

ပေါက်မြို့တွင် အင်အား ၃.၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်


မကွေးတိုင်းဒေသကြီး ပေါက်မြို့မှာ ဒီနေ့မနက်အစောပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်က ပေါက်မြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၂၄ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် (၂၁.၇၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၁) ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ ဆိုပါတယ်။
Ref:http://burmese.dvb.no

No comments:

Post a Comment