Responsive Ads Here

Saturday, 3 November 2018

ချန်ပီယံလိဂ်ဖလား ဘာစီလိုနာ ရနိုင်ဟု ဝါရင့်ဂိုးသမားကြီး ဘက်ဖွန်ပြော

ဘာစီလိုနာအသင်းဟာ အခုနှစ်ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်တယ်လို့ ပီအက်စ်ဂျီ အသင်းက ဝါရင့်ဂိုးသမား ဘက်ဖွန်က ခန့်မှန်းခဲ့ပါတယ်။
အီတလီ ဂိုးသမားကြီးဟာ ဂျူဗင်တပ်စ်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြီးခဲ့တဲ့ နွေရာသီက ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဖလားအတွက် ဘက်ဖွန်ခန့်မှန်းခဲ့တဲ့ နှစ်သင်းကတော့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီ ရှိနေလို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘက်ဖွန်အနေနဲ့ အစဉ်အလာကောင်းတဲ့ ၃ နှစ်ဆက်ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ လက်ရှိကလပ် ပီအက်စ်ဂျီတို့ကို ချန်ပီယံစာရင်းထဲ ထည့်တွက်ထားပုံတော့မပေါ်ပါဘူး။
၁၂ ပွဲမှာ ၁၂ ဂိုးသွင်းယူပြီး ၅ ဂိုးဖန်တီးပေးထားခဲ့တဲ့မက်ဆီဟာ ပြီးခဲ့တဲ့ဆီဗှလာနဲ့ပွဲမှာ လက်မောင်းဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်က လေ့ကျင့်ခန်းအစီအစဉ်အတွက် ဇယားမှာတော့ မက်ဆီ ပြန်လည်ပါဝင်လာပြီးတော့ ဘာစီလိုနာပရိသတ်တွေအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် မက်ဆီဒဏ်ရာရရှိနေတဲ့အချိန်မှာ အဓိကပြိုင်ပြိုင်ဘက် ရီးရဲမက်ဒရစ်နဲ့ တွေ့ဆုံချိန်မှာလည်း ၅ ဂိုး ၁ ဂိုးရလဒ်နဲ့ ပြတ်ပြတ်သားသားအနိုင်ယူခဲ့တာကြောင့် မက်ဆီမပါလည်း အကောင်းဆုံး ခြေစွမ်းမှာရှိနေတယ်ဆိုတာကို ပြသထားနိုင်တာပဲဖြစ်ပါတယ်။
ဆွာရက်ဇ်၊ ဒမ်ဘီလီ၊ ကော်တင်ဟို ၃ ဦးဟာ ခြေစွမ်းပြနေပြီး ဂိုးတွေသွင်းနေပါတယ်။

Ref:http://burmese.dvb.no/archives

No comments:

Post a Comment