Responsive Ads Here

Saturday, 3 November 2018

ငှက်ဖျားခြင် မျိုးပြုတ်အောင် နှိမ်နင်းနိုင်မည့် လမ်းစတွေ့ရှိ

မျိုးဗီဇပြုပြင်တဲ့ နည်းပညာကို အသုံးပြုပြီး ငှက်ဖျားရောဂါပိုးသယ်ဆောင်တဲ့ ခြင်တွေမျိုးပြုတ်အောင် နှိမ်နင်းနိုင်မယ့် လမ်းစကို ဗြိတိန်နိုင်ငံ၊ လန်ဒန် အင်ပီရီရယ် ကောလိပ် ဓါတ်ခွဲခန်း ပညာရှင်တွေက တွေ့ခဲ့ကြတယ်။
ခြင်အမတွေတချို့ကနေ ခြင်မျိုးဆက်အားလုံးထိနဲ့ ဆိုင်တဲ့ အမတွေရဲ့ သန္ဓေအောင်ခြင်းဖြစ်စဉ်အတွက် အရေးကြီးတဲ့ မျိုးဗီဇတချို့ကို ပြုပြင်ပြောင်းလဲပြီး အဲဒီကတဆင့် မျိုးဆက်အလိုက် ပျံ့နှံ့သွားစေခြင်းအားဖြင့် ငှက်ဖျားရောဂါပိုးကို ပပျောက်စေနိုင်မှာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်အတွက် မျိုးဆက် ၈ခုလောက် လက်ဆင့်ကမ်းပြီး ခြင်အမတွေ သန္ဓေမအောင်စေမယ့် ပြုပြင်ထားတဲ့မျိုးဗီဇကိုသယ်ဆောင်သွားခြင်းအားဖြင့် ၆လလောက် အကြာမှာ အဲဒီခြင်မျိုးဆက် တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်မယ်လို့ ပါမောက္ခ အန်ဒရီယာ ခရစ်ဆန်တီက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က တကမ္ဘာလုံးမှာ လူသန်းပေါင်း ၂၀၀ လောက် ငှက်ဖျားရောဂါပိုးကူးစက်ခံခဲ့ရပြီး  လူ ငါးသိန်းနီးပါး သေဆုံးခဲ့ပါတယ်။
Ref:http://burmese.dvb.no/archives/297097

No comments:

Post a Comment