Responsive Ads Here

Tuesday, 4 September 2018

ဂိုးကွာခြားချက်က အလွန်အရေးပါဟု ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီပြောကြား


ဟူအက်စ်ကာကို ၈-၂ ဂိုးဖြင့် အနိုင်ရပြီးနောက် ဘာစီလိုနာသည် ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နှင့် ရမှတ်ချင်းတူ သော်လည်း ဂိုးကွာခြားချက်နှစ်ဂိုး အသာရခဲ့ပြီး  လာလီဂါအမှတ် ပေးဇယားထိပ်ဆုံးနေရာကို သိမ်း ပိုက်နိုင်ခဲ့သည်။
ဘာစီလိုနာအနေဖြင့် ဟူ အက်စ်ကာကို ၂၀၁၄ ကိုပါဒယ် ရေးဖလားတွင် ၈-၁ ဂိုးဖြင့်အနိုင်  ယူခဲ့ဖူးသည်။ ယခုပွဲစဉ်သည် ၂၀၁၆ ဧပြီက ဒီပို့တီဗိုကို အဝေး ကွင်းတွင် ရှစ်ဂိုးပြတ်အနိုင်ရပြီး နောက်ပိုင်း ဘာစီလိုနာအတွက် ဂိုးရလဒ်အကြီးမားဆုံးနိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
‘‘ဒါက ရာသီအစပဲရှိပါသေး တယ်။ ဂိုးကွာခြားချက်နဲ့ ပထမ နေရာရဖို့က တော်တော်လေးအ ရေးပါပါတယ်။ ဗလင်စီယာ၊ အက်သလက်တီကိုမက်ဒရစ်၊ ရီးရဲလ်မက်ဒရစ်တို့လိုအသင်းက ကျွန်တော်တို့နောက်မှာ ရှိပါ တယ်။ ဒါပေမဲ့ ဒါကအစပဲရှိသေး ပြီး ခရီးရှည်လျှောက်ရဦးမှာပါ’’ ဟု ဘာစီလိုနာနည်းပြ ဗယ်လ်ဗာ ဒီက ပြောသည်။
ဟူအက်စ်ကာဘက်သို့ မ ထင်မှတ်ဘဲ အဖွင့်ဂိုးပေးခဲ့ရခြင်း သည် ယခုကဲ့သို့ ဂိုးပြတ်အနိုင်ရ ရန် အထောက်အကူပြုခဲ့ကြောင်း ယင်းပွဲတွင် နှစ်ဂိုးသွင်းခဲ့သူ ဆွာ ရက်ဇ်က ပြောသည်။
‘‘ပွဲအစမှာ ကျွန်တော်တို့ အထနှေးခဲ့ပါတယ်။ ဒါပေမဲ့သူတို့ရဲ့ဂိုးက ကျွန်တော်တို့ကို လှုပ်နှိုး လိုက်သလိုဖြစ်ခဲ့ပြီး ကောင်း ကောင်း တုံ့ပြန်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ မစခင် ဇယားထိပ်မှာရှိတာက ကောင်းပါ တယ်။ ဒါပေမဲ့ အကောင်းဆုံးအ ရာကတော့ ကျွန်တော်တို့ဘယ်လို ကစားခဲ့တယ်ဆိုတာကို မြင်ရတာ ဖြစ်ပါတယ်’’ ဟု ဆွာရက်ဇ်က ပြောသည်။
ရီးရဲလ်ဘက်တစ်က ဂျိုအာ ကွင်း၏ တစ်လုံးတည်းသောအနိုင် ဂိုးဖြင့် ဒေသခံပြိုင်ဘက်ဆီဗီလာ ကို အနိုင်ရပြီး ဆီဗီလာနှင့်တွေ့ဆုံ တိုင်း ၂၈ နှစ်ကြာ အိမ်ကွင်းရှုံးနိမ့် မှုကို အဆုံးသတ်ခဲ့သည်။ ဂျိုအာ ကွင်း (၃၇) နှစ်သည် ဆီဗီလာ ဒါဘီတွင် ဂိုးသွင်းသောအသက် အကြီးဆုံး ကစားသမားဖြစ်လာပြီး ယင်းပွဲတွင် ဆီဗီလာမှမီဆာ နှစ် ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသည်။
‘‘ဒါဘီပြိုင်ပွဲအများကြီးမှာ ကျွန်တော်ကစားခဲ့ပေမယ့် ဒါက ကျွန်တော်မက်နေတဲ့ ဒါဘီအိပ် မက်တစ်ခုပါ’’ ဟု ငယ်ဘဝကလပ် ဘက်တစ်တွင် ကစားသမားဘဝ ဒုတိယအကျော့ကစားနေသူ ဂျို အာကွင်းက ပြောသည်။
ဗလင်စီယာက နိုင်ပွဲရှာတွေ့ ရန် ခက်ခဲနေဆဲဖြစ်ပြီး လီဗန် တေးနှင့် နှစ်ဂိုးစီသရေကျကာ ဒီပို့တီဗိုက အက်စ်ပန်ညိုကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။




No comments:

Post a Comment