Responsive Ads Here

Tuesday, 4 September 2018

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိုပါက နောက်တန်းကစားပုံ တိုးတက်ရန်လိုဟု စပါးနည်းပြပြော



ဝက်ဖို့ဒ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် စပါးနည်းပြ ပို ချက်တီနိုက ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်သူဖြစ်လိုပါက နောက်တန်းကစားပုံ များစွာတိုး တက်ရန် လိုအပ်ကြောင်း ပြော ကြားသည်
သို့သော် ယင်းပွဲတွင် အ လွတ်တည်ကန်ဘောများမှတစ် ဆင့် ဂိုးများခွင့်ပြုခဲ့ရသော်လည်း မိမိတို့အလွယ်တကူအနိုင်ရသင့် သည်ဟု ပိုချက်တီနိုက ပြောကြား သည်။
ယခုရလဒ်ကြောင့် စပါး သည် ယခုနှစ်ရာသီပထမဆုံးရှုံးပွဲ ကြုံခဲ့ပြီး သြဂုတ် ၂၇ ရက်က မန်ယူကို သုံးဂိုးပြတ်ချေမှုန်းခဲ့ သည့် ပျော်ရွှင်မှုမှ ဗုန်းခနဲပြုတ်ကျ ခဲ့သည်။
ပိုချက်တီနိုသည် အသင်း နောက်တန်းကစားပုံကို ဘဝင် မကျဖြစ်နေပြီး သီတင်းနှစ်ပတ် ကြာ နိုင်ငံတကာပွဲစဉ်များအပြီး ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန် လည်စတင်ချိန်တွင် ကစားပုံသိ သိသာသာ တိုးတက်လာရန် တောင်းဆိုခဲ့သည်။
‘‘အလွတ်တည်ကန်ဘော တွေကနေ ကျွန်တော်တို့နှစ်ဂိုးခွင့် ပြုခဲ့ရတယ်။ ပရီးမီးယားလိဂ်ချန်ပီ ယံလောင်း စာရင်းထဲပါချင်ပြီး ထိပ်ဆုံးရောက်ချင်ရင် ဒီလိုမျိုးပုံစံ တွေကနေ ဂိုးတွေပေးလို့မရပါ ဘူး။ ပထမပိုင်းမှာ ပွဲကိုစိုးမိုးနိုင်ခဲ့ ပေမယ့် ကျွန်တော်တို့လုံလောက် တဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင် ခဲ့ဘူး။ မလိုလားအပ်ဘဲအမှားတွေ အများကြီးကျူးလွန်မိခဲ့တယ်။ နောက်တန်းက ဒီထက်ပိုပြီး မာ ကျောဖို့လိုအပ်ပါတယ်’’ ဟု ပို ချက်တီနိုက ပြောသည်။်
ဘန်လေကို ၂-၀ ဂိုးဖြင့် အ နိုင်ယူပြီး သုံးပွဲဆက်ရှုံးနိမ့်မည့်အ ရေးမှ ရုန်းထွက်နိုင်ခဲ့ပြီးနောက် မန်ယူနည်းပြမော်ရင်ဟိုက ‘‘ရ လဒ်ကို ကျွန်တော်ကျေနပ်ပါ တယ်။ ဒါပေမဲ့ ခင်ဗျားတို့တော့ စိတ်ပျက်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရှုံးခဲ့ရင် ခင်ဗျားတို့ အတွက် ပိုပြီးကောင်းတာကိုး’’  ဟု သတင်းထောက်များအား ပြောကြားသည်။
‘‘ကျွန်တော်တို့မှာ အနိုင်ရ လိုစိတ်ရှိပါတယ်။ ဒါပေမဲ့ ဒီထက် ပိုပြီးပြသဖို့ လိုပါသေးတယ်။ ဒါ က နည်းပြဖြစ်စေချင်တဲ့အရာဖြစ် ပြီး ကျွန်တော်တို့လုပ်ဖို့လိုအပ် နေတဲ့အရာလည်းဖြစ်ပါတယ်’’ ဟု ယင်းပွဲတွင် နှစ်ဂိုးစလုံးသွင်းယူ ခဲ့သူ မန်ယူတိုက်စစ်မှူး လူကာ ကူက ပြောကြားသည်။

Ref: http://www.7daydaily.com/story/135712

No comments:

Post a Comment