Responsive Ads Here

Tuesday, 11 September 2018

မုန်တိုင်းကြောင့် ဖြစ်လာမည့် ပျက်စီးမှုများအတွက် အစွမ်းကုန်ကူညီမည်ဟု ထရမ့် ပြော


ကယ်ရိုလိုင်းနားပြည်နယ်ကို ဝင်ရောက်နိုင်ချေရှိတဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် ဖြစ်လာနိုင်တဲ့ ပျက်စီးမှုတွေအတွက် ပြည်ထောင်စုအစိုးရက အစွမ်းကုန် ကူညီသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
ငွေကြေးဘယ်လောက်ပဲကုန်ကုန် ကူညီသွားမယ်လို့ သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ထိပ်တန်းအရာရှိတွေ၊ သဘာဝဘေးအန္တရာယ် စီမံရေးဆိုင်ရာ ပြည်ထောင်စုအဆင့် အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။
မုန်တိုင်း ဖလောရင့်စ်ဟာ အရှေ့ဘက်ကမ်းရိုးတန်းကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်လို့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာပြောင်းကြဖို့ကိုလည်း သမ္မတက တိုက်တွန်းပါတယ်။
အမေရိကန်ပြည်ထောင်စု မိုးလေဝသ အရာရှိတွေကတော့ မုန်တိုင်းဟာ အရှေ့ဘက်ကမ်းကို တနာရီ လေတိုက်နှုန်း မိုင် ၁၃၀ နဲ့ သောကြာနေ့မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment