Responsive Ads Here

Tuesday, 11 September 2018

ရန်ကုန် ၁၉ မြို့နယ်၌ ၃၆ နာရီကြာရေပြတ်မည်၊ ရေလိုအပ်သူများ အကူအညီတောင်းနိုင်


ရန်ကုန်တိုင်းဒေသကြီး  ၁၉ မြို့နယ်မှာ မနက်ဖြန် စက်တင်ဘာ ၁၃ရက်က စပြီး ၃၆ နာရီကြာရေပြတ်မယ်လို့ စည်ပင်သာယာရေး ကော်မတီက ကြေညာထားပါတယ်။
ရန်ကုန်ကို ရေပေးဝေနေတဲ့ လှော်ကား ကွန်ကရိပိုက်လိုင်းကြီး အစားထိုးလဲလှယ်ဖို့ အတွက် မရမ်းကုန်းမြို့နယ်၊ ကျော်တော်ကြီးဘုရားနားမှာ ရေဖြတ်တောက်ပြီး လုပ်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် စက်တင်ဘာ ၁၃ ရက်မနက် ၁၀ နာရီကနေ ၁၄ ရက် ည ၁၀ နာရီအချိန်ထိ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတာ၊ ပန်းပဲတန်း၊ လသာနဲ့ လမ်းမတော်မြို့နယ်တွေမှာ ရေပြတ်တောက်တာ၊ ရေအားနည်းတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“အရှေ့ပိုင်းခရိုင်မှူးက “လှော်ကားပိုက်က ခဏခဏပေါက်နေတော့ အသစ်လဲဖို့ စီစဉ်ရတာပါ။ အခုလို မိုးတွင်းမှာ ဆိုတော့ ရေသုံးလည်းနည်းတော့ လူတွေအတွက် ပိုအဆင်ပြေတာပေါ့။ အများဆုံး ၂ ရက်ယူထားတာပါ။ ဒီကြားထဲမှာ အခက်အခဲဖြစ်တယ် ဆိုရင်တော့ လမ်းအလိုက် အကြောင်းကြားလာရင် ရေကားထိုးပေးပြီး မျှယူလို့ရအောင် စီစဉ်ပေးပါမယ်။ ကြိုတင်ပြီး စုထားတာက ပိုကောင်းပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် ရေကို ကြိုတင်စုဆောင်းထားကြဖို့နဲ့ ရေလိုအပ်ချက်ရှိတယ်ဆိုရင် ခရိုင်မှူးတွေ ဆီကို ဆက်သွယ်ပြီး ရေသယ်ယာဉ်တွေတောင်းခံနိုင်တယ်လို့လည်း ကြေညာထားပါတယ်။
ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကတော့ အရှေ့ပိုင်းခရိုင်မှူး ဖုန်း – ၀၉ ၂၅၀ ၂၈၃ ၈၂၃၊ အနောက်ပိုင်း ခရိုင်မှူး ဖုန်း – ၀၉ ၂၅၀ ၂၈၃ ၈၁၂၊ တောင်ပိုင်းခရိုင်မှူး ဖုန်း – ၀၉ ၅၀ ၅၄ ၅၆၅၊ မြောက်ပိုင်းခရိုင်မှူး ဖုန်း – ၀၉ ၅၀ ၈၁ ၂၂၉ တို့ဖြစ်ပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment