၂၀၁၇-၂၀၁၈ ဥရောပ အကောင်းဆုံးကစားသမား ဆန်ခါတင် ၃ ဦးစာရင်းမှာ ဆာလက်၊ စီရော်နယ်ဒိုနဲ့ မိုဒရစ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။
ဆာလက်ဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး စီရော်နယ်ဒိုနဲ့ မိုဒရစ်တို့ဟာလည်း ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တာကြောင့် ဆန်ခါတင်စာရင်းမှာ ပါဝင်လာတာပါ။
ဆန်ခါတင်စာရင်းမှာ ပါဝင်နေကျဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီကတော့ အခုနှစ်အတွက် ဥရောပ အကောင်းဆုံး ကစားသမားဆုမှာ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။
ဆန်ခါတင်သုံးဦးစာရင်းကို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဝင်ပြိုင်ခဲ့တဲ့ အသင်းတွေက နည်းပြ ၈၀ ဦးနဲ့ ဂျာနယ်လစ် ၅၀ ဦးတို့က မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အမှတ်ပေးစာရင်းအရ အဆင့်လေးနေရာမှာ ဂရစ်ဇ်မန်းက ၇၂ မှတ်နဲ့ ဆန်ခါတင်စာရင်းကနေ ချန်လှပ်ခံခဲ့ရသလို လီယွန်နယ်မက်ဆီကတော့ ၅၅ မှတ်နဲ့ အဆင့် ၅ နေရာမှာပဲ ရပ်တည်ခဲ့တာပါ။
ဥရောပအကောင်းဆုံး ကစားသမားဆုတွေကို ချန်ပီယံလိဂ်ဖလားရရှိတဲ့ အသင်းက ကစားသမားတွေ ရယူလေ့ရှိပြီး ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် ရီးရဲလ်တိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုက ရယူနိုင်ခဲ့ပါတယ်။
No comments:
Post a Comment