Responsive Ads Here

Monday, 20 August 2018

ရလဒ်မကောင်းသော်လည်း ခြေစွမ်းဆက်လက်တိုးတက်နေဟု အာဆင်နယ်နည်းပြပြော




ပရီးမီးယားလိဂ်ပွဲစဉ် (၂) တွင် အဝေးကွင်း၌ ချယ်လ်ဆီးကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်သော်လည်း ခြေစွမ်းပိုင်းကေ င်းမွန်ခဲ့ကြောင်း အာဆင်နယ်နည်းပြ အမ်မရီက ပြောသည်။
ချယ်လ်ဆီးအတွက် ပက်ဒရို နှင့် မိုရက်တာကနှစ်ဂိုးဆက်သွင်း ခဲ့ပြီး မစ်ခီတာယန်နှင့် အိုဝိုဘီက အာဆင်နယ်အတွက် ချေပဂိုးများ သွင်းယူခဲ့သည်။ သို့သော် အာ ဆင်နယ်သည် ချယ်လ်ဆီးနောက် ခံလူ အလွန်ဆို၏အနိုင်ဂိုးကိုမူ ချေပနိုင်ခြင်းမရှိသဖြင့် လိဂ်နှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့သည်။
 ယင်းရလဒ်ကြောင့် အမ်မရီ သည် ၁၉၈၆ က အာဆင်နယ်ကို ယာယီကိုင်တွယ်ခဲ့သော စတိဗ် ဘာတန်ရှောနောက်ပိုင်း ပထမ ဆုံးနှစ်ပွဲဆက်ရှုံးနိမ့်သော အာဆင် နယ်နည်းပြဖြစ်လာသည်။၁၉၈၆ က စတိဗ်ဘာတန်ရှောသည် ပထမဆုံးကိုင်တွယ်သော သုံးပွဲစလုံး ဆက်တိုက်ရှုံးနိမ့်ခဲ့သည်။
‘‘ရလဒ်ကတော့ ကျွန်တော် တို့အတွက် မကောင်းပါဘူး။ ဒါ ပေမဲ့ ခြေစွမ်းပိုင်းကတော့ ဆက် ပြီး တိုးတက်နေပါတယ်။ ပထမ ပိုင်းမှာ ဒီထက်မကဂိုးသွင်းဖို့အ ခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပထမပိုင်းကလို မကစားနိုင်ခဲ့ဘဲ အခွင့်အရေးတွေ နည်းပါးခဲ့ပါတယ်’’ ဟု အမ်မရီက ပြောသည်။
‘‘အမှတ်ရဖို့ မလွယ်ခဲ့ပါဘူး။ သုံးမှတ်က ကျွန်တော်တို့ရဲ့ အ ရေးကြီးတဲ့ ပစ်မှတ်ပါ။ ၇၅ မိနစ် လောက် ကျွန်တော်တို့ကောင်း ကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၅ မိနစ်လောက်က ကြောက်စရာ ကောင်းလောက်အောင် အဖိခံခဲ့ရတာပါ။ ဒီပွဲက အလွန်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ကစားသမားတွေ က နှစ်ဂိုးစီသရေကျနေချိန်မှာ တကယ့်ကို ကောင်းကောင်းကစား နိုင်ခဲ့တယ်’’ ဟု ချယ်လ်ဆီးနည်းပြ ဆာရီက ပြောသည်။
ရာနှုန်းပြည့် နိုင်ပွဲရထား သော ချယ်လ်ဆီးသည် နောက်ပွဲ စဉ်တွင် နယူးကာဆယ်ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်ပြီး အာဆင်နယ်က နှစ်ပွဲဆက်တိုက် ရှုံးထားသော နည်းပြပယ်လီဂရီနီ ၏ ဝက်စ်ဟမ်းကို အိမ်ကွင်း၌ လက်ခံကစားမည်ဖြစ်သည်။



No comments:

Post a Comment