နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို နယူးကာဆယ်နည်းပြ ရာဖေးလ်ဘင်နီတက် ဆွတ်ခူးသွားပါတယ်။
ဘင်နီတက်ဟာ နိုဝင်ဘာအတွင်းမှာ ကစားခဲ့တဲ့ ၃ပွဲလုံးကို အနိုင်ကစားနိုင်ခဲ့တာကြောင့် ဒီဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ လတ်တလောမှာ ၁၆ ပွဲ ကစား ၁၃ မှတ် နဲ့ အဆင့် ၁၅ မှာ ရှိနေပြီး တန်းဆင်းဇုန်အန္တရာယ်ကနေ လတ်တလော လွတ်မြောက်နေပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဒီနေ့ညမှာတော့ နယူးကာဆယ်အသင်းဟာ ဟက်ဒါဖီးလ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရေက်ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
Ref: http://burmese.dvb.no

No comments:
Post a Comment