ဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်စီးတီးအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဆာဂျီရိုအဂူရိုနဲ့ ဒီဘရိုင်းတို့ဟာ ဒဏ်ရာသက်လာပြီဖြစ်လို့ အဲဗာတန်နဲ့ပွဲမှာ ပြန်ပါလာနိုင်ခြေရှိပါတယ်။
တိုက်စစ်မှူး အဂူရိုဟာ လိုင်ယွန်နဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ခြေထောက်ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်၎ပွဲလုံးကို လွဲချော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်က အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ အလယ်တန်းလူ ဒီဘရိုင်းကတော့ ဒူးအရွတ်ဒဏ်ရာကြောင့် ဒီရာသီမှာ ပွဲအနည်းငယ်သာကစားထားရပါတယ်။
ပရီးမီးယားလိဂ် ဒီနေ့ညအစောပိုင်းပွဲစဉ်အဖြစ် မန်စီးတီးနဲ့ အဲဗာတန်အသင်းတို့ မြန်မာစံတော် ၇ နာရီ ယှဉ်ပြိုင်ကစားကြမှာလည်း ဖြစ်ပါတယ်။
Ref: http://burmese.dvb.no

No comments:
Post a Comment