ပရီးမီးယားလိဂ် အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျသွားပါတယ်။
မန်ယူနိုက်တက်အသင်းဟာ နောက်ကနေ လိုက်ကစားခဲ့ရပြီးမှ သရေကျခဲ့တာပါ။
အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ၂၆ မိနစ်မှာ မူစတာဖီက သွင်းယူပါတယ်။ မန်ယူအတွက် ချေပဂိုးကို မိနစ် ၃၀ မှာ တိုက်စစ်မှူး မာရှယ်က သွင်းယူပါတယ်။
မန်ယူက ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ လူကာကူတို့ကို ဒုတိယပိုင်းမှာ ထည့်သွင်း အသုံးပြုခဲ့တာပါ။
အာဆင်နယ်အတွက် ဒုတိယဂိုးကို ၆၈ မိနစ်မှာ မန်ယူနောက်တန်းကစားသမား ရိုဂျို ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ နောက် ၁ မိနစ်လောက်မှာပဲ မန်ယူအတွက် ချေပဂိုးကို လင်ဂတ်က သွင်းယူပြီး သရေကျသွားပါတယ်။
ဒီပွဲသရေကျလို့ အာဆင်နယ်က ၃၁ မှတ်နဲ့ အဆင့် ၅၊ မန်ယူက ၂၃ မှတ်နဲ့ အဆင့် ၈ မှာ ရှိနေပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment