Responsive Ads Here

Monday, 3 December 2018

ဘိုင်ယန်ကစားသမား ရော်ဘင် ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု ကြေညာ


ဘိုင်ယန်မြူးနစ် ဝါရင့်ကစားသမား အာဂျန်ရော်ဘင်ဟာ အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမား ရော်ဘင်ဟာ ၂၀၀၉ ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။
အခုနှစ်ဟာ မိမိရဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝ နောက်ဆုံးရာသီဖြစ်ပြီး   အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ ရော်ဘင်က ဆိုပါတယ်။
အသင်းနဲ့အတူ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့တာဟာ ကောင်းမွန်တဲ့အချိန်ဖြစ်ခဲ့ပြီး အခုချိန်ကတော့ အသင်းကနေ ထွက်ခွာဖို့ မှန်ကန်တဲ့အချိန်ဖြစ်တယ်လို့ ရော်ဘင်က ပြောပါတယ်။
ရော်ဘင်ဟာ ဘိုင်ယန်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါပွဲစဉ် စုစုပေါင်း ၁၉၈ ပွဲမှာ ၉၈ ဂိုး သွင်းယူခဲ့ပါတယ်။
ဘိုင်ယန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၃ ကြိမ်ကစားခဲ့ပြီး ၂၀၁၂-၂၀၁၃ ပြိုင်ပွဲမှာ ချန်ပီယံတကြိမ် ဖြစ်ခဲ့သလို ဘွန်ဒက်စ်လီဂါချန်ပီယံ ၇ ကြိမ်လည်း ရယူနိုင်ခဲ့ပါတယ်။
ဘိုင်ယန်ကနေ ထွက်ခွာမှာဖြစ်ပေမယ့် ကစားသမားဘဝကနေတော့ အနားယူမှာမဟုတ်ဘဲ အသင်းသစ်ရှာဖွေပြီး ဆက်လက်ကစားဦးမယ်လို့ သိရပါတယ်။

Ref: http://burmese.dvb.no/archives/302734

No comments:

Post a Comment