မန်ချက်စတာယူနိုက်တက်အသင်းဟာ မိမိတို့မြင်နေကျအသင်း မဟုတ်ဘူးလို့ နောက်ခံလူဟောင်း ဗီဒစ်က ပြောကြားလိုက်ပါတယ်။
လက်ရှိ မန်ယူအသင်းရဲ့ ခံစားအားပြု ကစားပုံဟာ မောင်ရင်ဟိုရဲ့ နည်းစနစ်ဖြစ်ပြီး အင်တာမီလန်၊ ချဲလ်ဆီးအသင်းတွေမှာ အကောင်းဆုံး အသုံးချခဲ့တယ်လို့ ဗီဒစ်က ပြောပါတယ်။
ဗီဒစ်က မန်ချက်စတာဒါဘီပွဲကို လာရောက်ကြည့်ရှုခဲ့ပြီး အသင်းကစားပုံနဲ့ပတ်သက်လို့ အားရကျေနပ်ခြင်းမရှိ ဖြစ်ခဲ့တာပါ။
မိမိအနေနဲ့ တချိန်မှာ နည်းပြတဦးဖြစ်ဖို့ ရည်မှန်းထားပြီး မန်ယူအသင်းကို နည်းပြချင်တယ်လို့လည်း ဗီဒစ်က အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။
ဆားဘီးယားနောက်ခံလူ ဗီဒစ်ဟာ မန်ယူအသင်းမှာ ၈ နှစ်ကြာ ကစားခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူပါ။
ဗီဒစ်ဟာ ၂၀၀၆ ကနေ ၂၀၁၄ အထိ စုစုပေါင်း ပွဲ ၃၀၀ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment