တရုတ်နိုင်ငံ ရှန်ဇင်းမှာ ကျင်းပပြီးစီးသွားတဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာ ဒရုန်းလွှတ်တင်ပြိုင်ပွဲ 1st FAI WORLD DRONE RACING CHAMPIONSHIPS 2018 အမျိုးသမီးပွဲစဉ်မှာ ထိုင်းနိုင်ငံက အသက် ၁၁ နှစ်အရွယ် ဝမ်းယား ဝမ်းဖောင် ခေါ် နောင့်မျူ့ ဆိုသူ မိန်းကလေးက ဒရုန်း အကောင်းဆုံးလွှတ်တင်နိုင်သူ ပထမဆု ချန်ပီယံ ရွှေတံဆိပ် ရရှိသွားပါတယ်။
မိန်းကလေးဟာ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၀၀၀ (ထိုင်းဘတ် ၂ သိန်း ၅ သောင်းခန့်) ရရှိခဲ့ပါတယ်။
ဒရုန်းမောင်းနှင်ရာမှာ ချန်ပီယံရခဲ့သူ သူမကို ထိုင်းလေကြောင်းလိုင်းနဲ့ လေကြောင်းဆိုင်ရာ အားကစားဝန်ကြီးဌာနက နိုင်ငံ့ဂုဏ် ဆောင်ကြဉ်းပေးသူအဖြစ် အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း လူမှုကွန်ရက်မှာ ဦးဦးဖျားဖျား ရေးသားဂုဏ်ပြုထားပါတယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment