မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု စီ ပွဲစဉ်မှာ ပီအက်စ်ဂျီက လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့အတွက် အုပ်စုကနေတက်ရေး မျှော်လင့်ချက်တွေ ရှင်သန်သွားပါတယ်။
ပီအက်စ်ဂျီရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာ ဘာနပ်က သွင်းယူပါတယ်။
ဒီပွဲမှာ လီဗာပူးက ကွင်းလယ်မှာ အသာစီးယူနိုင်ပေမယ့် ပီအက်စ်ဂျီကတော့ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။
ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ၃၇ မိနစ်မှာ တိုက်စစ်မှူး နေမာက သွင်းယူပါတယ်။ နေမာအတွက်တော့ ချန်ပီယံလိဂ်မှာ ဂိုးပေါင်း ၃၀ မြောက် သွင်းယူနိုင်တာပါ။
လီဗာပူးအတွက် ချေပဂိုး ၁ ဂိုးကို ပထမပိုင်းပြီးခါနီး နာကျင်အချိန်မှာ မီလ်နာက ပယ်နယ်တီကနေ သွင်းယူပါတယ်။
ဒုတိယပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ပီအက်စ်ဂျီ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မနေ့ညကပဲ ယှဉ်ပြိုင်တဲ့ ဒီအုပ်စုက နာပိုလီနဲ့ ဇဗက်ဒါတို့ ပွဲစဉ်မှာတော့ နာပိုလီက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
နာပိုလီအတွက် ပွဲချိန် ၁၁ မိနစ်မှာ ဟမ်ဆစ်က တဂိုး၊ ၃၃ မိနစ်နဲ့ ၅၂ မိနစ်တွေမှာ မာတန်စ်က နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဇဗက်ဒါအတွက် ချေပဂိုးတဂိုးကိုတော့ ၅၇ မိနစ်မှာ နာဘူဟိန်းက သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စုက ငါးပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ နာပိုလီက ၉ မှတ်နဲ့ အုပ်စု ပထမ၊ ပီအက်စ်ဂျီက ၈ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပြီး ရှုံးထွက်အဆင့် တက်ရောက်နိုင်ရေး အလားအလာ ကောင်းနေပါတယ်။
လီဗာပူးကတော့ ၆ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရှိနေတဲ့အတွက် နောက်တဆင့် တက်ရောက်နိုင်ရေး ရုန်းကန်ရမှာဖြစ်ပြီး ဇဗက်ဒါကတော့ ၄ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
အုပ်စုနောက်ဆုံးပွဲတွေကိုတော့ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဇဗက်ဒါနဲ့ ပီအက်စ်ဂျီ၊ လီဗာပူးနဲ့ နာပိုလီတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment