တိုက်စစ်မှူး ၀ိန်းရွန်နီဟာ အမေရိကန်နဲ့ခြေစမ်းပွဲမှာ အင်္ဂလန်အတွက် ပြန်လည်ကစား မယ်လို့ အက်ဖ်အေက အတည်ပြုလိုက်ပါတယ်။
အင်္ဂလန်နဲ့ အမေရိကန်အသင်းတို့ဟာ လာမယ့်နိုဝင်ဘာ ၁၅ ရက်မှာ ခြေစမ်းပွဲအဖြစ် ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားမှာပါ။
အခုပွဲဟာ ၀ိန်းရွန်နီဖောင်ဒေးရှင်းအတွက် ရန်ပုံငွေပွဲစဉ်လည်းဖြစ်ပြီး သူ့ရဲ့ ပွဲ ၁၂၀ ပြည့်မြောက် ပွဲစဉ်လည်း ဖြစ်လာမှာပါ။
အင်္ဂလန်အတွက် ပြန်လည်ကစားပေးရတာကို စိတ်လူပ်ရှားမိပြီး မိမိရဲ့ ဖောင်ဒေးရှင်းကို ကူညီပေးတဲ့အနေနဲ့ ကစားခွင့်ပေးတဲ့ နည်းပြ ဆောက်ဂိတ်နဲ့ အက်ဖ်အေကို ကျေးဇူးတင်တယ်လို့ ရွန်နီကပြောကြားခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ ဒီစီယူနိုက်တက်တိုက်စစ်မှူး ၀ိန်းရွန်နီဟာ အင်္ဂလန် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် သွင်းဂိုး ၅၃ ဂိုးနဲ့စံချိန်တင်ထားပါ တယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment