Responsive Ads Here

Tuesday, 6 November 2018

အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ် ရေပန်းစား


ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ် ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ရမ်ဆေးဟာ အခုနှစ်ရာသီအကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ အဆင်မပြေတာကြောင့် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားတာပါ။
ရမ်ဆေးကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ယူ၊ ချဲလ်ဆီး အသင်းတွေကလည်း စိတ်ဝင်စားနေပေမယ့် အခုနောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက လက်ဦးမှုရယူပြီး ခေါ်ယူဖို့ အခြေအနေကောင်းနေတာ ဖြစ်ပါတယ်။
ဘိုင်ယန်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာကတည်းက ကြိုတင်သဘောတူညီမှုရဖို့ ဆွေးနွေးမှာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ရမ်ဆေးဟာ လီဗာပူးနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ပြီး ၁၇ မိနစ်ပဲ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်။
ရမ်ဆေးအနေနဲ့ လုပ်ခတိုးမြှင့်တောင်းဆိုမှုကြောင့် အာဆင်နယ်အသင်းက စာချုပ်သက်တမ်း မတိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref:http://burmese.dvb.no

No comments:

Post a Comment