Responsive Ads Here

Tuesday, 11 September 2018

၂၀၁၈ အတွက် အကောင်းဆုံးဆုများ မိုဒရစ်နှင့်သာထိုက်တန်ဟု ရာကီတစ် ပြော


၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဆုတွေဟာ လူကာမိုဒရစ်နဲ့သာ ထိုက်တန်တယ်လို့ အသင်းဖော် ရာကီတစ်က ပြောလိုက်ပါတယ်။
ရာကီတစ်ဟာ ခရိုအေးရှားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ရောက်ရှိရာမှာ မိုဒရစ်နဲ့ အတွဲညီညီ ခြေစွမ်းပြခဲ့တာပါ။
ယေဘုယျအားဖြင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားရော သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဖြစ်သူဟာ လီယွန်နယ်မက်ဆီဖြစ်ပြီး လူငယ် ၁၀ ဦးကို မေးကြည့်ရင် ၉ ဦးက အဲဒီလိုဖြေလိမ့်မယ်လို့ ရာကီတစ်က ဆိုပါတယ်။
ဒါပေမယ့် ၂၀၁၈ ခုနှစ်အတွက် ဆိုရင်တော့ လူကာမိုဒရစ်က ဆုတွေအားလုံးရဖို့ ထိုက်တန်တဲ့ ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာ မိုဒရစ်က ဆုတွေနဲ့ ထိုက်တန်တယ်ဆိုတာ လီယွန်နယ်မက်ဆီလည်း လက်ခံလိမ့်မယ်လို့ ရာကီတစ်က ဆိုပါတယ်။
အသက် ၃၃ နှစ်ရှိ ကွင်းလယ်ကစားသမား မိုဒရစ်ဟာ ရီးရဲလ်အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ်ဖလား ရခဲ့သလို ကမ္ဘာ့ဖလားမှာလည်း ခရိုအေးရှားအသင်းနဲ့ ဗိုလ်လုပွဲအထိ တက်ခဲ့ပြီး ရွှေဘောလုံးဆု ရခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စီရော်နယ်ဒိုနဲ့ ဆာလက်ကို ကျော်ဖြတ်ပြီး ဥရောပအကောင်းဆုံး ကစားသမားဆု ရယူနိုင်ခဲ့ပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment