အဝေးကွင်းတွင် ဆမ်ဒိုး ရီးယားကို သုံးဂိုးပြတ် ရှုံးနိမ့်ပြီး နောက် နာပိုလီနည်းပြ အန်ဆယ် လော့တီက ကစားသမားများ၏ စိတ်ဓာတ်ကို မေးခွန်းထုတ်ခဲ့ပြီး နာပိုလီအနေဖြင့် ပွဲအစပိုင်း ကစားပုံများ ပြောင်းလဲရန်လို အပ်သည်ဟု ဆိုသည်။
နာပိုလီသည် ရာသီအစ သုံး ပွဲတွင် ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီး နောက် အန်ဆယ်လော့တီက နာ ပိုလီကစားသမားများသည် စိတ် သဘောထားခံယူချက်နှင့် ပတ် သက်၍ ပြဿနာရှိနေကြောင်း စွပ်စွဲပြောကြားသည်။
နာပိုလီအနေဖြင့် ယခင် နှစ် ပွဲတွင် လာဇီယိုနှင့် အေစီမီလန်ကို နောက်မှလိုက်ကစားပြီး အထင် ကြီးဖွယ်ခြေစွမ်းဖြင့် အနိုင်ယူခဲ့ သည်။
‘‘ပထမနှစ်ပွဲတုန်းကလိုပဲ ပွဲ အစပိုင်းအခြေအနေက အတူတူ ပဲဆိုတာ သိပ်ကိုရှင်းပါတယ်။ အဲဒီအခြေအနေတွေကို အရင် နှစ်ပွဲမှာတုန်းက ကျော်လွှားနိုင်ခဲ့ တယ်။ ဒီပွဲဒုတိယပိုင်းမှာ ဖိဖိစီးစီး နဲ့ ကစားခဲ့ပါတယ်။ ဒါပေမဲ့ပထမ ဆုံးကျွန်တော်တို့ အလျှော့ပေး လိုက်တာက အထူးသဖြင့် စိတ် ဓာတ်ပိုင်းဖြစ်ပါတယ်။ သူတို့ရဲ့ နည်းဗျူဟာတွေ၊ ဒါမှမဟုတ်စနစ် တစ်ခုမဟုတ်တစ်ခုကို ကျွန်တော် တို့မပြောင်းလဲနိုင်ခဲ့ဘူး။ အထူး သဖြင့် ပွဲအစပိုင်းတွေမှာ ကျွန် တော်တို့ပိုပြီးတော့ အာရုံစိုက်ဖို့နဲ့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်’’ ဟု အန်ဆယ်လော့တီကပြောသည်။
ယင်းပွဲတွင် အဓိကကွင်း လယ်လူ ဟမ်ဆစ်နှင့်တိုက်စစ်မှူး ကယ်လီဂျွန်တို့ မပါဝင်ဘဲ ၎င်း၏ လူရွေးချယ်ပုံ မှားသလားဟု မေး မြန်းခံရစဉ် အန်ဆယ်လော့တီက ‘‘ဒါက ပြဿနာတစ်ခုဖြစ်နိုင်ပါ တယ်။ ဒါကဘာဆိုလိုလဲဆိုတော့ ကျွန်တော်လူရွေးချယ်ပုံမှားတယ် လို့ ဆိုလိုပါတယ်’’ ဟု ဖြေကြား သည်။
နိုင်ငံတကာပွဲစဉ်များကစား ပြီးလျှင် နာပိုလီသည် ဖီအိုရင်တီး နားကို အိမ်ကွင်း၌ လက်ခံကစား မည်ဖြစ်သည်။
No comments:
Post a Comment