အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူ ၁ သန်းကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့မိန့် ထုတ်ပြန်ခဲ့ပါတယ်။
ဟာရီကိန်း ဖလောရင့်စ်ဟာ ဒီနှစ်အတွင်း အမေရိကန် ကုန်းမကြီးကို ဝင်ရောက်တဲ့ အားအပြင်းဆုံးမုန်တိုင်း ဖြစ်လာမှာပါ။
အဲဒီမုန်တိုင်းဟာ တနာရီ လေတိုက်နှုန်း မိုင် ၁၃၀ အထိ တိုက်ခတ်ပြီး ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ အားပိုမိုကောင်းလာမယ်လို့ အမျိုးသား ဟာရီကိန်းစင်တာက သတင်းထုတ်ပြန်ပါတယ်။
ဟာရီကိန်း ဖလောရင့်စ်ဟာ စက်တင်ဘာ ၁၃ ရက်နေ့မှာ တောင်ကယ်ရိုလိုင်းနားနဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် နှစ်ခုကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဝင်ရောက်မှုကြောင့် မိုးသည်းထန်ပြီး ဆိုးဆိုးရွားရွား ရေကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
မနှစ်ကလည်း အမေရိကန်နိုင်ငံကို ဟာရီကိန်းမာရီယာ အပါအဝင် အားပြင်းတဲ့ ဟာရီကိန်းမုန်တိုင်းတွေ ဆက်တိုက်ဝင်ရောက်ခဲ့ပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment