ဆေးလိပ်သောက်သူ မိဘတွေရဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်ခဲ့ရတဲ့ ကလေးငယ်တွေဟာ အဆုတ်ရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
အခုလေ့လာတွေ့ရှိချက်ကို အမေရိကန် ကင်ဆာရောဂါဆိုင်ရာ အဖွဲ့အစည်းက ဆေးလိပ်မသောက်သူ လူ ၇ သောင်းကျော်ကို လေ့လာ သုတေသန ပြုလုပ်ခဲ့ရာမှာ ကိုယ်တိုင် ဆေးလိပ်သောက်သူ မဟုတ်ပေမယ့် ငယ်စဉ်က ဆေးလိပ်ငွေ့ကို ရှူရှိုက်ခဲ့ရသူတွေမှာ အဆုတ်ရောဂါနဲ့ သေဆုံးနိုင်ခြေ ပိုများတာကို လေ့လာတွေ့ရှိခဲ့တာပါ။
မိဘတွေအနေနဲ့ ကလေးနဲ့ဝေးရာ အဆောက်အဦ အပြင်ဘက်မှာ ဆေးလိပ်သောက်တာမျိုးက ကောင်းတယ်လို့ ဆိုနိုင်ပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ဆေးလိပ်ဖြတ်တာ ဖြစ်တယ်လို့ ဆေးလိပ်နဲ့ ကျန်းမာရေးဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
သီတင်းတပတ်မှာ ဆေးလိပ်ငွေ့ကို ၁ဝ နာရီ သို့မဟုတ် ၁ဝ နာရီထက်အထက် ရှူရှိုက်နေရသူတွေဟာ နှလုံးသွေးမရောက်တဲ့ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်း၊ လေသင်တုန်းဖြတ်ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၃ ရာခိုင်နှုန်း၊ နာတာရှည် အဆုတ်ရောါဂါနဲ့ သေဆုံးနိုင်ခြေ ၄၂ ရာခိုင်နှုန်း ပိုများတယ်လို့ အဲဒီလေ့လာချက်မှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment